လေလွင့်ငှက်
Thursday, October 27, 2011
တောင်ကြီး 2011 မီးပုံးပျံစာရင်းများ
Taunggyi တန်ဆောင်တိုင် 2011 မီးပုံးပျံစာရင်းဖြစ်ပါတယ် နောက်ကျန်သည့်စာရင်းများကို မိုးလင်းမှပဲ ထပ်တင်ပေးပါဦးမည်ဗျာ...

Monday, October 10, 2011
Taunggyi မှာ ယနေ့ဒီလို
ဒီနေ့ အပြင်ကမိုးစိုစိုနဲ့ အပြန်ခဏနားမယ်ရှိသေးတယ် မြို့လယ်မီးပွိုင်နားတ၀ှက်မှာ ရေလျှံနေတယ်ဆိုတာနဲ့ ဓါတ်ပုံသွားရိုက်လိုက်တယ်။တောင်ကျရေနဲ့ မြောင်းတွေပိတ်ဆို့မှုကြောင့် ယခုလိုဖြစ်သွားရတာပါ ဒီနှစ်မှာ မိုးကလည်း အရမ်းကိုကောင်းနေတယ် ယခုထိရွာနေတုန်းပါပဲ တစ်ချို့ဆိုင်တွေဆို အလုပ်ပျက်ကုန်တော့တာပေါ့ ရွှေခရားကြီးလက်ဘက်ရည်ဆိုင်ဆို ခုဘာမှအလုပ်လုပ်မရတော့ဘူးလေ ဒီနှစ်ပိုင်းမှာ နေရာတော်တော်များများတွေမှာ ယခုလိုတွေကြုံနေကြရပါတယ်။အဓိကထဲမှာ မြေင်းတွေ ပိတ်ဆို့မှုကြောင့်လဲပါနေတယ်။ ကိုယ်နဲ့တော့မဆိုင်ပါဘူး လက်ယားပြီးရေးလိုက်မိပြန်ပေါ့ အဲလိုဖြစ်နေရတာမကောင်းပါဘူး ကျန်းမာရေးအတွက်ပါ စဉ်းစားစရာဖြစ်လာတယ် ငှက်ဖျားရောဂါ၊သွေးလွတ်တုတ်ကွေးရောဂါတို့ ၀မ်းပျက်ဝမ်းလျှောရာဂါတွေဖြစ်နိုင်တယ်လေ ထင်တာပဲ...:D

Saturday, October 1, 2011
နတ်ဝတ်ခေါင်း ညှပ်ကြမယ်။
နတ်ဝတ်ခေါင်း ညှပ်တဲ့နေရာမှာ Type 3 မျိုးရှိတယ်။
၁။ Straight Through Cable
၂။ Cross Cable
၃။ Roll-over cable ဆိုပြီးသုံးမျိုးရှိတယ်။
၁။ Straight Through Cable ဆိုတာ ဘယ်လို ညှပ်ရလဲဆိုတာ အရင်ပြောမယ်။ နတ်ကြိုးတစ်ချေင်းမှာ ဟိုဘက်မှာ တစ ဒီဘက်မှာ တစ ရှိတယ်မလား။ အဲဒီ နှစ်ဘက်လုံးကို ပုံစံတူ ခေါင်းညှပ်ပေးရပါမယ်။ ဘယ်လို ညှပ်ရမလဲဆိုတော့ အောက်ကပုံကိုကြည့်။

ဘယ်လိုနေရာမျိုးမှာ Straight Through Cable ဆိုတာကို သုံးရလဲဆိုရင် Computer ကနေ Switch တို. Hub တို.ကိုချိတ်ဆက်ချင်ရင် သုံးပါတယ်။
၂။ Cross Cable ကြိုးညှပ်ပုံကတော့ တဖက်မှာ Type A ကို ညှပ်ပြီး ကြိုးစတဖက်မှာ Type B ကို ညှပ်ပေးရပါမယ်။ အောက်ကပုံကိုကြည့်ပါ။
၂။ Cross Cable ကြိုးညှပ်ပုံကတော့ တဖက်မှာ Type A ကို ညှပ်ပြီး ကြိုးစတဖက်မှာ Type B ကို ညှပ်ပေးရပါမယ်။ အောက်ကပုံကိုကြည့်ပါ။
Cross Cable ကိုဘယ်လိုနေရာမှာသုံးလဲဆိုရင် Computer to Computer တို. Switch to Switch တို. ချိတ်ဆက်တဲ့နေရာမှာသုံး ပါတယ်။
၃။ Roll-over cable ဆိုတာကတော့ Router တွေကို ကွန်ပြူတာနဲ. Configure လုပ်တဲ့နေရာတွေမှာ ချိတ်ဆက်ဖို.အတွက်အသုံး ပြုပါတယ်။ Roll-over cable ကတော့ ကိုယ်တိုင်ညှပ်ဖို.မလွယ်ပါဘူး။ ဘာဖြစ်လို.လဲဆိုရင် ကြိုးစတဖက်က RJ-45 ခေါင်း ဖြစ်ပြီး နောက်တဖက်က Serial ခေါင်းပါ။ အောက်ကပုံမှာ ကြည့်ပါ။

ကျွန်တော်တို.တွေ PC to PC, Router to Router တို. Router to Hub တို. ချိတ်ဆက်တဲ့နေရာမှာ ဘာကြောင့် Type A နဲ. Type B ဆိုပြီး Cross Cable ကို ညှပ်ရလဲဆိုတာ နဲနဲပြောကြည့်မယ်။
နတ်ဝတ်ကြိုးတွေမှာ ၀ါယာကြိုးက ၈ ချောင်းပါတာမှန်ပေမယ့် တကယ်တန်း ဒေတာပို.ဆောင်တာက ၄ ကြိုးပဲအလုပ်လုပ်တာပါ။ ဖြူမော်(၁)၊ မော်(၂)၊ ဖြူစိမ်း(၃)၊ ပြာ(၄)၊ ဖြူပြာ(၅)၊ စိမ်း(၆)၊ ဖြူညို(ရ)၊ ညို(၈) ဆိုပြီး အရောင်တွေကို နာပါတ်တွေနဲ. သတ်မှက်ပေးကြည့်ပါ။ တကယ်ဒေတာပို.ဆောင်ဖို. အလုပ်လုပ်တာက ၁ ရယ် ၂ ရယ် ၃ ရယ် ၆ ရယ် ပါ။ အဲဒီတော့ ဒေတာပို.တဲ့ ၁ ရယ် ၂ ရယ် ၃ ရယ် ၆ ရယ် ကိုပဲ ပြောကြမယ်။
ဘယ်လိုအလုပ်လုပ်လဲဆိုရင် Transfer + (၁) က အခြားတဖက်က Reserve +(၃) အတွက်အလုပ်လုပ်ပေးပါတယ်။ ဒီဘက်ကလည့် ဒေတာပို. ဟိုဘက် ကလည်း ဒေတာပို.ဆို အဆင်မပြေဘူးလေ။ တဖက် Transfer ဆိုရင် တဖက်က Reserve ဖြစ်သင့်တာပေါ့။
Transfer - (၂) က အခြားတဖက်က Reserve -(၆) အတွက် အလုပ်လုပ်ပေးပါတယ်။ Reserve +(၃) က အခြားတဖက်က Transfer +(၁) အတွက် အလုပ်လုပ်ပေးတယ်။ Reserve -(၆) က အခြား တဖက်က Transfer -(၂) ကိုသွားတယ်။ ဒါဆို ပို.တာနဲ. လက်ခံတာနဲ.မျှသွားပြီ။ ဒါကတော့ Cross Cable ညှပ်တာရဲ့ Theory လေးပါ။

တစ်ချိန်ကလူ
လေထုက အသံတွေကိုယူလာ
ရင်ခုန်သံမပါ ငါ့စကားတွေမှာ
အသံတွေပြာနေရပြီပေါ့။
အဖြေမရှိတဲ့ ပုစ္ဆာ
နေ့ရက်ပေါင်းများစွာ ချတွက်
အကြိမ်ကြိမ်တွေထပ်
ပုစ္ဆာမှားနေတဲ့ နေ့ရက်တွေကို
ငါရေတွက် ရင်နစ်ရပါပြီ။ Thursday, September 29, 2011
Coffee can kill you...
ကော်ဖီတွေယိုစိမ့် ငါ့နေ့သစ်တွေမှာ
နင်ဖန်ဆင်းပေးခဲ့တာ...
Coffee can kill you
but i know that
ငါသိပေမဲ့ အနေခက်
ခါးသက်သက် ကော်ဖီတစ်ခွက်ပေါ့။
ငါ့ကဗျာတွေလို ငါစစ်မှန်တယ်
ခံစားမှုကိုအခြေခံတယ်လေ...
အခြေခံမဲ့ ခံစားချက်ကွက်လပ်နဲ့
ခါးသက်သက် ကော်ဖီတစ်ခွက်
ဘာကြောင့်ငါ့စီးဆင်းစေခဲ့တာလဲ..။
နေ့စဉ်ငါ ၀ါးမျိုခံနေရတယ်
နေ့စဉ်ပိတ်လှောင်ထားနေမိတယ်
နေ့စဉ်အိပ်ပျော်နေခဲ့တယ်
အချိန်မှန်ခါးနေမိတယ်
ငါ့ရင်တံခါးမှာ ချိန်ဆွဲထားတယ်
I know that i like !Wednesday, September 28, 2011
ကော်ဖီခွက်လေး
အခုကျွန်တော် ကော်ဖီသောက်နေတယ် ဒီနေ့ကော်ဖီတင်မဟုတ် မုန့်နဲ့ မှာတမ်းပါရောက်ရှိလာတယ်။ ဘာကြောင့်လဲ ကျွန်တော် နေသိပ်မကောင်းချင်ဘူးဖြစ်နေတယ် မနေ့ကတည်းကဖြစ်နေတာ ဒါနဲ့ ဒီနေ့ ကော်ဖီလေးသောက် မုန့်လေးစားပြီး ဆေးသောက်လိုက်ပါတဲ့။ စာရေးနေရင် ကျွန်တော်ပြုံးပြီး ကျေနပ်နေမိတာတော့ အမှန်တရားဆိုတာပေါ့။ ကျွန်တော့်ဘ၀ အမောတွေကိုပြေစေခဲ့အောင် ဘုရားသခင် ဖန်းဆင်းများပေးလိုက်သလား။ ကော်ဖီအဖြစ် ဖန်းဆင်းပေးလိုက်သလား။ ဘာဖြစ်ဖြစ်ပါလေ ကျေးဇူးတင်နေမိတယ်။ ရင်ခုန်သံကော်ဖီဆီက ဘာမှမမျှာ်လင့်ချင်ဘူး ဒါပေမဲ့ သူ့ရဲ့ ကော်ဖီ ကိုယ်ပိုင်ရနံ့လေး ပျောက်သွားမှာကို စိုးထိတ်မိတယ်။ တစ်နေ့သောအခါ ကျွန်တော့်အနားမှာရှိနေတဲ့ သစ်ရွက်ခြောက်လေး ငေးကြည့်နေရင်း လေကဝှေ့တိုက် သယ်ယူသွားသတဲ့ဆိုတဲ့ ပုံပြင်သစ်တွေ ရှိနေဦးမှာလား။ မနေ့ကသူမအပြန် ကျွန်တော်ငေးကြည့်နေမိလိုက်တယ် သူ့ကျောကိုင်းထွက်ခွာချိန်ပေါ့ နှုတ်ဆက်ခြင်းက ကျွန်တော့်ရင်ဘက်ကို မနွေးထွေးစေခဲ့ဘူး ဒါဘာကြောင့်လဲလို့မေးရအောင် အဖြေကရှိပြီးသားဖြစ်နေခဲ့တယ်။ ၀ူးးးးးးးး တော်ပါပြီ ကျွန်တော့်အတွေးတွေ ပြန်ချုံ့ထားလိုက်တာကောင်းပါတယ်။ အတွေးကိုနောက်ပြန်လှည့်တော့လဲ သူ့မျက်နှာကို မြင်မိပြန်တယ်။ ကော်ဖီသောက်တိုင်း တစ်နေ့နဲ့တစ်နေ့ သူမျက်နှာမြင်နေမိတာ ရင်ခုန်သံနဲ့ ထပ်တူရှိနေခဲ့လေပြီ။
Friday, September 23, 2011
Coffee
တယ် ဘယ်တံဆိပ်လဲဟင်လို့တော့မမေးရဘူးနော်:Dအဲဒီကော်ဖီတံဆိပ်က ဈေးကွက်မှာမရှိလို့ပေါ့ကျွန်တော် တံဆိပ်ကတ်ပေးလိုက်တယ် အဲဒီကော်ဖီနာမည်လေးက ရင်ခုန်သံကော်ဖီပါတဲ့ဗျာ။ကျွန်တော်စကားတွေက ကာရံမပါရင်တောင် ဟန်ဆောင်မပါရင်ခုန်သံတွေကတော့ စစ်သတဲ့ဗျ။ ကျွန်တော်သူ့ကို ဘာမှပြောထွက်ခွင့်ရှိမည်မထင်။ကျေးဇူးတင်နေမိတာတော့အမှန် ကော်ဖီသောက်နေရခြင်းထက် အမှတ်တရ တစ်ခုဖြစ်စေခဲ့လို့ပါပဲ တကယ်ဆိုရင်ခုန်သံကော်ဖီလေးက ကျွန်တော့်နားရောက်လာတာမကြာသေးဘူး ဒါပေမဲ့ ကျွန်တော့်ကို အမြဲတမ်းအမှတ်ရစေခဲ့တယ်။ ကျွန်တော့်ရဲ့ အိပ်မက်မဟုတ်တဲ့ အိပ်မက်ဖြစ်ခဲ့ရင်တောင် ကော်ဖီသောက်တိုင်း သတိရနေမိပါပြီ။
Subscribe to:
Posts (Atom)