Tuesday, March 29, 2011

DVD to Mp3 Ripper

 Dvd to Mp3 ပြောင်းတဲ့ software ဖြစ်ပါတယ် full version လေးဖြစ်တဲ့အတွက် အဆင်ပြေမယ်ထင်လို့ တင်ပေးလိုက်ပါတယ်။ တစ်ခါတစ်ရံမှာလိုအပ်တာမို့ ဘော်ဒါတို့အတွက် လက်ဆောင်ပေါ့ဗျာ ယူထားလိုက်ကြ ကျေးဇူးအများကြီးတင်ပါတယ် ကိုယ့်ကိုပဲပြောလိုက်ဦးမယ်...:D









Wednesday, March 9, 2011

Home page ပြောင်းမယ်ဆိုရင်

အလုပ်တွေများနေလို့ စာမရေးဖြစ်တာကြာနေပြီ ခုလဲအားတယ်လို့တော့မဟုတ်ပါဘူး
ခဏနားရင် စိတ်ထဲပေါ်လာတာလေး ရေးလိုက်တာပါ သိသူရှိသလို မသိသူတွေလဲ
ရှိမယ်မလား အဲဒီတော့ မသိသေးတဲ့ သူတစ်ချို့အတွက်ပေါ့ဗျာ ကျွန်တော်တို့
Mozilla Firefox ဖွင့်လိုက်ရင် မိမိတို့ အသုံးပြုမဲ့ webpage ကို
အရင်ပေါ်စေချင်တယ်ဆိုရင် ဒီလိုပါ ပထမဦးစွာ Mozilla Firefox
ကိုအရင်ဖွင့်လိုက်ပါ အပေါ်မှာရှိနေမယ် Tools >> Options ဆိုပြီး
သွားလိုက်ပါ option အောက်မှ General ကိုရွေးမယ် ပြီးရင် Home page
အကွက်မှာ ဖွင့်ဖွင့် ချင်းပေါ်စေချင်တဲ့ address ကိုရိုက်ထဲ့လိုက်ပါ ဥပမာ
www.facebook.com ဒါဆိုရင် mozilla Firefox ကိုဖွင့်လိုက်တိုင်း facebook
page အရင်ကျလာမှဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ဗျာ ကိုယ့်ကို ပဲ
ကျေးဇူးတင်လိုက်တော့မယ်နော်....:D

Saturday, March 5, 2011

ဆုံတွေ့ခိုက်

မင်းသိပါစေ အနမ်းနေ့ချိန်
နွေးထွေးနှုတ်ခမ်း မင်းအနမ်းနဲ့
ကြယ်တွေလှတဲ့ တို့ရဲ့ညချိန်
နှုတ်ခမ်းတစ်စုံ ချိုမြိန်ခဲ့လေပြီ...။
မျှော်လင့်ခြင်းနဲ့ တမ်းတနေ့ရက်
ငါ့ရင်ခွင်ထဲ မင်းရှိပါစေ...
အသံတွေတိတ် ညရဲ့အရိပ်
ကမ္ဘာသစ်သို့ လှမ်းခဲ့လေပြီ...။
မင်းသိပါစေ ငါ့အလွမ်းတွေ တစ်သီသီ
ပြန်လာခဲ့ပါ ငါ့ရင်ခွင်စီ...။