Tuesday, September 28, 2010

Microsoft Word 2007 နဲ့ JPEG

Microsoft Word 2007 ရေးထားတဲ့စာကို ဓါတ်ပုံ ပုံစံ လုပ်ထားချင်တယ်။ JPEG နဲ့ save ထားချင်တယ်။ ဘာ software မှ မလိုပဲ windows မှာပါတဲ့ paint နဲ့ပဲ အသုံးပြုပါမယ် လုပ်နည်းကတော့ လွယ်ပါတယ် အနည်းငယ်တော့ ရှင်းပြလိုက်ပါမယ်။ အရင်ဆုံး ပြောင်းချင်တဲ့ စာမျက်နှာကို ဖွင့်ပါတယ်။ ထိပ်ဆုံးမှာ cursor ချပြီး အားလုံး select ဖြစ်အောင်လုပ်ပါတယ်။ (ပုံတွေကိုပါ လုပ်ရမှာပါ။ select ဖြစ်သွားရင် invert color ဖြစ်သွားပါတယ်)။ select လုပ်ပြီး right-click လုပ်ပြီး copy နှိပ်ပါတယ်။
run မှာ mspaint လို့ရေးပြီး paint ကို ဖွင့်ပါတယ်။ (mspaint (သို့) pbrush လို့လည်း ရေးနိုင်ပါတယ်။ All Programs ထဲက Accessories ထဲမှာလည်း paint ဆိုပြီး ရှိပါတယ်)
paint ရဲ့ Edit – Paste ကို နှိပ်ပေးလိုက်ပါ။ (Ctrl+V ကိုနှိပ်ရုံနဲ့လည်းရပါတယ်)
ခုနက ကူးလိုက်တဲ့ ပုံစုံအတိုင်း ပေါ်လာမှာပါ။Save as ကိုနှိပ်ပြီး jpeg ဖိုင်အမျိုးအစားကို ရွေး save ပေးလိုက်ပါ။

Saturday, September 25, 2010

အတွေး စ

ပြန်သွင်းမရတဲ့ သွားတိုက် ဆေးပမာ
အတွေးစ ကိုစွဲထုတ်မိပြီငါ
အတွေးရဲ့  နံပါတ်တစ် မျှော်လင့်ခြင်းကြောင့်ဖြစ်
လက်ရှိနဲ့ အနာဂတ် ကြားမှာ
ရှင်သန်နေတဲ့ မျှော်လင့်ခြင်း …..
ဝါးမျိုခံရတာ မျှော်လင့်ခြင်းလား
ေ၀၀ါးတဲ့ငါ့ စိတ်လား။
ရီဝေထုံထိုင်းတဲ့ ငါ့စိတ်
ရိုင်းရခြင်းက မှောင်လွန်းတဲ့ ညတွေကြောင့်ပါ
လမရှိတဲ့ညတွေ ကြယ်တစ်ပွင့်တော့
လင်းလတ်သင့်ပါတယ်လေ။
တစ်ကိုယ်နှစ်လမ်းသွားဆိုတာ ငါပါ
အတွေးတွေက တစ်လမ်း
အသိစိတ်နဲ့ ငါခန္ဓာက တစ်ဖက်လမ်းမှာ
လျှောက်လှမ်းရင်း မောပန်းလှပြီ….
နေ့မှာ လမရှိ ညမှာနေပျောက်
ကာရံတွေ မတောက်ပပေမဲ့
ခန်းခြောက်တဲ့ ငါ့ရင်ဘက်မှာ
အချစ်တစ်ခုတည်းနဲ့ လိုက်ဖတ်ညီချင်ပါတယ်…..။

ဘလော့ သို့ ဖိတ်ခေါ်ခြင်း (Invite)

ဖိတ်ခေါ်ခြင်းဆိုသည့်စကားဟာ ကျွန်တော့်ဘာလော့ကို အလည်လာဖို့အတွက်တင်မဟုတ်ပါဘူး စာရေးသား ၀ါသနာပါသူ ဥပမာ ကဗျာဆို ကဗျာရေးကြမယ် နည်းပညာဆိုနည်းပညာရေးကြမယ် လူမှု့ရေး ကျန်းမာရေး သတင်း စသည့် အကြောင်းအရာများကို မိမိတို့ ရေးသားနိုင်အောင် ကျွန်တော်ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်။ ကျွန်တော့်ဘာလော့ကို မိမိတို့လည်း အတူရေးသားလို့ရအောင် ဖွင့်ဟပေးလိုက်ခြင်းဖြစ်ပါတယ်။ အဲဒီအတွက် စိတ်ဝင်စား ၀ါသနာပါသည့် ညီကိုယ် မောင်နှမ သူငယ်ချင်းများ ကျွန်တော့် ရဲ့ ဒီပို့စ်ကွန်မန်းတွင် မိမိတို့ ပါဝင်လိုသ့ည့် Email လိပ်စာများ ချန်ထားပေးခဲ့ပါ။သို့မဟုတ် ကျွန်တော်ရဲ့ Email - lion.nnt@gmail.com တွင် အကြောင်းကြားပေးပါရန်။ သူငယ်ချင်းများရဲ့  email ရရှိပါက ကျွန်တော့်ဘက်က invite လုပ်ပေးရမှာဖြစ်ပါတယ် ကျွန်တော် invite လုပ်ပေးလိုက်တဲ့ Emai ပိုင်ရှင်များရဲ့ Inbox ထဲတွင် ကျွန်တော့ဘလော့ link ရောက်ရှိလာပါမယ် နှိပ်ပြီး accept လုပ်လိုက်ပါ နောက်ထက် user name and password တောင်လာသည့်အခါ ဖြည့်စွပ်လိုက်ပါ။display name မှာ လည်း နာမည်တစ်ခု ရိုက်ထဲ့ပြီး Accept Invitation ရွေးလိုက်ရင် အိုကေပါပြီ။ကျွန်တော့် ဘလော့ Dashboard ကိုရောက်ပါပြီ New post ကိုနှိပ်ပြီး ရေးသားလို့ရပါပြီ...။ သူငယ်ချင်းများကို ကြိုဆိုလျှက်

ဝေးနေတဲ့ ကဗျာ

မင်းအတွက်ငါ ကဗျာတစ်ပုဒ်
နှလုံးသားနဲ့ ရေးစပ်ခဲ့တယ်
အဆုံးမရှိတဲ့ ငါကဗျာပေါ့ …..။

ထာဝရခရီး လက်တွဲပြီး
ကဗျာရှည်တစ်ပုဒ် ငါဖန်တီးလိုက်ချင်တယ်…။

ငါစိုးရိမ်တယ် ချစ်သူ
နီးရဲ့ နဲ့ ဆုံနိုင်မှု့ဝေး
ရင်ခုန်သံတွေနဲ့ ရေးချမိတာ
အိပ်မက် စာမျက်နှာ ဖြစ်နေမလားတွေး….။

ငါလိုချင်တာ ဝေးနေခြင်းမဟုတ်ဘူး
ရင်ခုန်သံခြင်း ဟန်ချက်ညီနေဖို့ပါ ချစ်သူ…။

ငါ့ကဗျာတွေ ကာရံချိုးဖောက်
သွေးပျက်လောက်တဲ့ စကားလုံးတွေနဲ့
မရေးချပါရစေနဲ့  ချစ်သူ …။

ချစ်နေရခြင်းမှာ ငါမုန်းနေတာ
အလွမ်းဆိုတဲ့ နေ့ရက်တွေပါ

Wednesday, September 22, 2010

ဘလော့ မန်ဘာ ၀င်ထားသူများအတွက်

ကျွန်တော့်ဘလော့ကို မန်ဘာ ၀င်တဲ့ သူငယ်ချင်းများအတွက်ပါ တစ်ချို့လည်းgoogle talk မှာ လာရောက်မေးကြတယ်ကျွန်တော် invite လုပ်လိုက်တဲ့သူငယ်ချင်းများ မလုပ်တက်တဲ့အတွက် အသေးစိတ်ကျွန်တော်ရှင်းပြလိုက်တာပလုပ်တက်သူအတွက်တော့ ဘာမှပြောစရာမလိုလောက်ပါဘူး
အခု ကျွန်တော်ဆီမေးတဲ့ သူငယ်ချင်းများ အဆင်ပြေအောင် ပုံနဲ့တကွရှင်းပြပေးလိုက်ပါတယ်။Gmail ကနေ ဘလော့ကို ပို့စ်အလွယ်တကူ တင်လို့ရအောင် ဘယ်လိုလုပ်တယ်ဆိုတာ သီးသန့်ဖော်ပြပေးပါဦးမယ်..အခုတော့ invite လုပ်ပြီးနောက် accept လုပ်ရခတ်တဲ့သူများအတွက်ကြိုးစားပြီးဖော်ပြပေးထားတာလေးပါ အောက်ကလင့်မှာ ဒေါင်းလုပ်ယူပြိးလုပ်ကြည့်ပါနော်...ကြိုးစားလျှက်

Tuesday, September 21, 2010

ဟိုစဉ်ချိန်

မင်းနှုတ်ခမ်းတွေ သတိရနေတုန်းပဲ...
အရင်လို နွေးထွေးစေချင်တယ်..
မင်းအကြည့်တွေ မစူးရှပေမဲ့
နူးညံ့တဲ့ အရိပ်တွေ ငါမြင်နေတယ်။
အမှတ်တရ နှစ်သစ်ကူးတဲ့ည
အတူရှိခဲ့ကြပေမဲ့ ဝေဒနာတွေနဲ့ပေါ့
အနာဂတ်ကို ကြိုမြင်ပေမဲ့
ငွေအလျင်မမှီလို့ ဝေးခဲ့ရပြီတဲ့လား....။
မေ့မရတဲ့နေ့ရက်များဟာ ..
အတိတ်ကိုပုံဖော် ရုပ်လုံးပေါ်စေဖို့လား
ပြာနှမ်းတဲ့ တောင်တန်းတွေကြားမှာ
ငါမှန်းဆနေခဲ့တာ မင်းပုံရိပ်တွေသာ...။

Wednesday, September 15, 2010

blog လုပ်နည်းစာအုပ်

ဘလော့ (blog) လုပ်ရတာ ၀ါသနာပါတယ်ဆိုတဲ့ သူငယ်ချင်းများအတွက် မြန်မာလို့လေး ရေးထားတဲ့ စာအုပ်လေးတွေ့လို့ တင်ပေးလိုက်ပါတယ်။ ဖတ်ပြီးလုပ်ကြည့်လိုက်ပါဦးနော်။လာရောက်မှုကို အထူး ကျေးဇူးတင်ရှိပါကြောင်း နောက်လည်း လမ်းကြုံရင် လာခဲ့ပါဦးနော်။အောက်မှာ ဒေါင်းလုပ်ယူသွားလိုက်ပါ။

ဘလော့လုပ်နည်း

Thursday, September 2, 2010

photoshop ရဲ့  ခဲပန်းချီ

ခဲပန်းချီ လုပ်မယ် မိမိတို့ ကာလာနဲ့ ရိုက်ထားတဲ့ မူရင်းပုံလေးတွေကို photoshop လေးနဲ့ ပြောင်းလည်း ပြုပြင်ကြည့်ရအောင် ကျွန်တော်လုပ်ထားတဲ့ ပုံလေး ဖော်ပြထားပါတယ် မူရင်းပုံနဲ့ ပြုပြင် ပြီး ခဲပန်းချီ ပုံကို ယှဉ်တွဲ ဖော်ပြထားပါတယ် တစ်ခါတစ်ရံမှာ colour တွေမှာ  ငြီးငွေ့နေတယ် black and white လေး စမ်းသက် ကြည့်ချင်တယ်ဆို ဒီလိုပါဗျာ လုပ်နည်းက လွယ်ပါတယ် … ပထမ ဦးစွာ photoshop ကို စပြီးဖွင့်လိုက်ပါ File >> open မှ မိမိ ပြုလုပ်ချင်တဲ့ ပုံတစ်ပုံကို ယူလိုက်ပါ ။ Layer Box မရှိဘူးဆိုရင် ကြိုတင် ယူထားလိုက်ပါ Window မှ Layers ဆိုတာကို သွား click လိုက်ပါ F7 ဆိုလည်းရပါတယ်။ဒါဆို ယူထားပြီးသားပုံကို စတင် အလုပ်လုပ်လို့ရပါပြီ .. Keyboard မှ Ctrl + Shif + U ကိုနှိပ်ပါ နှိပ်ပြီးချိန်မှာ ပုံဟာ မူလအနေထားနဲ့မတူ ပြောင်းလည်းသွားပါဦးမယ် အိုကေ ဆက်လုပ်ပါမယ်။ Layer box မှ Background ဆိုတာကို မြင်တွေ့ရပါလိမ့်မယ် Right Click နှိပ်လိုက်ပါ Duplicate Layer.. နှိပ်ပါ ok လိုက်ပါဦး ပုံမှန် အားဖြင့် layer အောက်မှာ Normal ဆိုတာ ရှိပါမယ် တစ်ချက် click လိုက်ပါ color dodge ဆိုတာကို ရွေးပေးပါ အဲဒီနောက်မှာတော့ Ctrl + I ကို နှိပ်ပါ ရှိနေတဲ့ ပုံ ပျောက်သွားပါမယ်။ menu bar မှ Filter >> Blur>>GaussianBlur ဒီအထိ အိုကေနော် Radius: မှာ Pixels ကို မိမိတို့ အဆင်ပြေသလို ရွေးနိုင်ပါတယ် ပြီးရင် တော့ ok လိုက်ပေါ့ဗျာ ဒါဆိုရင် မိမိတို့ လိုချင်တဲ့ ခဲပန်းချီ စတိုင်လေး ပိုင်ဆိုင်ရပြီပေါ့…အတက်နိုင်ဆုံး နားလည်လွယ်အောင်ရေးသားပေးလိုက်ပါတယ် အဆင်မပြေပါက ကွန်မန်းမှာ ပြောပေးပါဗျာ ..မှတ်ချက် (ဒီလုပ်နည်းလေးဟာ တစ်ခြား နည်းလမ်းကောင်းများလည်း ရှိကောင်းရှိနိုင်ပါတယ်) ကျွန်တော် တက်သလောက်သာ ဖော်ပြပေးခြင်းဖြစ်ပါတယ်) ကျေးဇူးတင်လျှက် ..အားပေးမှုကို အစဉ် ကြိုဆိုနေပါတယ်…။