Tuesday, September 21, 2010

ဟိုစဉ်ချိန်

မင်းနှုတ်ခမ်းတွေ သတိရနေတုန်းပဲ...
အရင်လို နွေးထွေးစေချင်တယ်..
မင်းအကြည့်တွေ မစူးရှပေမဲ့
နူးညံ့တဲ့ အရိပ်တွေ ငါမြင်နေတယ်။
အမှတ်တရ နှစ်သစ်ကူးတဲ့ည
အတူရှိခဲ့ကြပေမဲ့ ဝေဒနာတွေနဲ့ပေါ့
အနာဂတ်ကို ကြိုမြင်ပေမဲ့
ငွေအလျင်မမှီလို့ ဝေးခဲ့ရပြီတဲ့လား....။
မေ့မရတဲ့နေ့ရက်များဟာ ..
အတိတ်ကိုပုံဖော် ရုပ်လုံးပေါ်စေဖို့လား
ပြာနှမ်းတဲ့ တောင်တန်းတွေကြားမှာ
ငါမှန်းဆနေခဲ့တာ မင်းပုံရိပ်တွေသာ...။

No comments:

Post a Comment